K for Kay

May 19, 2011

>၀ှက်ဖဲ (အခန်း ၄)

Filed under: Books,short story — kaythwe @ 6:03 am

>@font-face { font-family: “MS 明朝”;}@font-face { font-family: “MS 明朝”;}@font-face { font-family: “Cambria”;}@font-face { font-family: “Zawgyi-One”;}p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0cm 0cm 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; }

 ++++++++
အခန်း(၄)-
ကြောင်တကောင် 

ကမ္ဘာ့ ဥတု ရာသီ တွေ ပြောင်းလဲ လာ နေ သည် ။  ဆောင်းဦး ရက်တွေ မကုန်သေး ပေမဲ့…နေ့တာ တွေ တိုစ ပြုလာ နေ ပြီ။
ရုတ်ခြည်း ဆို သလို ညိုကျ သွားတဲ့… ညနေစောင်း တခု ရဲ့  လေထု ထဲ မှာ.. မီးခိုး နံ့ လေး တွေ သင်း လာ သည်။ အိမ် အဟောင်း လေး တလုံး ရဲ့.. ခေါင်မိုး ပေါ် က…မီးခိုး ခေါင်း တိုင် လေး မှာ.. မီးခိုး လေး တွေ တလူလူ  မြင်နေ ရ သည်။ 
မီးလုံး လေး တွေ လင်းစ ပြု လာတဲ့.. လမ်းမီးတိုင် တချို့  က တော့.. သူတို့ အပေါ်က..အုပ်မိုး နေတဲ့.. သစ်ပင် မြင့်မြင့် ကြီး တွေ ကြောင့်…. ရှိ သင့် တာ ထက် ပိုပြီး သေးကွေး မှေးမှိန် နေ သယောင်..။ 

လမ်း ရဲ့ တဖက် ခြမ်း က.. ၀ရန် တာ အဖြူ ရောင် နဲ့.. အိမ် ကလေး ထဲ မှာ.. မီးရောင် တပွင့် နှစ်ပွင့်.. လင်း လာ ပြီး.. မှန်ပြတင်း နောက်က လှုပ်ရှားမူ  တွေ ဆီက.. ၀ရန်တာ ပေါ် ကို.. အသံ တချို့  လွင့် ကျ လာ သည်။ 

“   ၀ရန်တာ ကို ဘာလို့ အဖြူရောင် ကြီး သုတ်တာလည်း.. ဒယ်ဒီ ”
..

ထူးထူး ခြားခြား … ဆံပင် တွေ သပ်သပ်ရပ်ရပ် ဖြီးသင် ထား ပြီး   မုတ်ဆိတ် ကျင်ဆွယ် တွေ တိတိ ရိရိ ရိတ်ဖြတ် ထား တဲ့..အမျိုး သား က.. အနက် နဲ့ မီးခိုးရင့် ရောင် စပ်ထား တဲ့… ဂျာကင် အကျီ င်္ အိတ် ထဲ က..စီးကရက် တလိပ် ထုတ် ပြီး မီး ညှိ သည်။ သူ့ ဆံပင် တွေ ရဲ့ အရောင် နဲ့.. ဂျာကင် ရဲ့ အရောင်က … လိုက်ဖက် နေ သည်။ စီးကရက် မီး ကို..တချက် ရှိုက် ယူ လိုက်ရင်း…
“ အင်း.. မင့် မာမီ ရွေးတာပဲလေ… .. ” 
ကောင်လေး က.. ၀ရန်တာ လှေခါး လက်ရန်း ပေါ်ကို ဖြတ်ကနဲ တက်ထိုင် လိုက် ပြီး မှ.. ဘာ ဆက် လုပ် ရမှန်း မသိ သလို..ချက်ခြင်းပဲ.. ပြန်ဆင်း လိုက် သည်။ သူ ငယ်ငယ် က.. လျှောတိုက် စီး နေကျ.. နေရာ လေး မို့.. ယောင်ပြီး အကျင့် ပါ သွား ခြင်း လည်း ဖြစ်နိုင် သည်။ မှောင်ရီ ရီ အလင်း ရောင် အောက် က… နှင်းဆီ ပန်း ရုံ တွေ နဲ့.. ဒန်း ဖြူဖြူ လေး ကို အတန်ကြာ အောင် လက်ပိုက် ပြီး ကြည့် နေ သေး သည်။ ပြီးတော့ မှ..အိမ် ထဲ ကို ပြန် လှည့် ၀င်  လာ သည်။ 
မီးဖို ပေါ် က.. အငွေ့ တွေ တထောင်းထောင်း ထ နေ တဲ့.. အိုး ကို.. ဇွန်းတခု နဲ့ မွှေ နေတဲ့.. အမျိုးသမီး ရဲ့ မျက်နှာ က.. အခါတိုင်း ထက် ပို ပြီး ထူးခြား နေ သည်။ ပျော်နေ သည် လား.. စိတ်လှုပ်ရှား နေ သည် လား…။ အမူ အရာ အသွင် အပြင် က လည်း.. ပို- ပို ပြီး တော့ သာ.. နုနယ် လန်းဆန်း နေ သည်။ ညနေ မစောင်းခင် လေး ကမှ.. အရေးပေါ်  ဈေး ပြေးဝယ် ပြီး…ပြန်လာ ကတည်း က.. လဲလှယ် သေး ဟန် မတူ တဲ့.. လည်ရှည် သားရေ ဖိနပ် အမြင့် က.. စကပ် ၀တ် ထားတဲ့..သူမ ကိုယ်လုံး ခပ်သေးသေး လေး ကို အနေတော် လေး ကြည့် ကောင်း နေ စေ သည်။ 
 ….
“ မာမီ့ ကို ကြည့်ရ တာ ပို လှ နေ ပါလား… ”
“ အိုး..သန့်ခ်ယူ ဆွိတီ… အဲဒီလို မပြော လည်း.. မာမီ က.. သား ကြိုက်တဲ့.. ဂဏန်းလုံး တွေ.. အများကြီး ထဲ့ ပေး မှာ ပါကွာ… ငါ့သား လေး အိမ် ပြန်လာ တုန်း….”
….
ဝရန်တာ နဲ့ ကပ်လျက်… ထမင်းစားခန်း .. နားနေခန်း..အားလုံး.. နီးနီးကပ်ကပ် တဆက်စပ် တည်း ဖြစ် နေ တဲ့.. ဧရိယာ လေး မှာ.. ဟိုဖက် သွား လိုက်..ဒီဖက် သွား လိုက် .. လုပ်နေသော.. ကောင်လေး က လွဲ ရင်..အရာ အားလုံး.. အခါတိုင်း နေ့ တွေ ကလိုပင်…သူ့ နေရာ နဲ့ သူ နေသားတကျ ငြိမ်ငြိမ် သက်သက်  ရှိ နေ လေ သည်။ မီးဖို နား မှာ အလုပ်ရှုပ် နေတဲ့.. အမျိုးသမီး နဲ့.. မီးဖို ပေါ်က.. စားချင့် စဖွယ် အငွေ့ အသက် တချို့   က လည်း .. နည်းနည်း တော့.. စိတ် လှုပ်ရှား စရာ ကောင်း နေ သည် ပေါ့…။ သြော်.. ပြီး တော့.. နားနေခန်း ထဲက.. တီဗွီ ဖန်သား ပြင် ပေါ် မှာ လည်း.. အရောင် တွေ တဖျပ်ဖျပ် ပြောင်း နေ သေး သည် လေ။

ကောင်လေး ကတော့..သူ တခါမှ မရောက်ဖူး တဲ့ နေရာ တခု လို..မီးဖို ဘေးနား က.. အမျိုးသမီး လှီးချွတ် ထား တဲ့…ဟင်းရွက် တွေကို သွား  ကိုင် ကြည့် လိုက်… တီဗွီ ရှေ့က ခုံ မှာ ညနေပိုင်း သတင်းစာ တစောင် ကြည့် နေတဲ့.. အမျိုးသား ရဲ့ အနား သွား လိုက်  နဲ့… စိတ် လှုပ်ရှား နေ ဟန်…။ ကောင်လေး ရဲ့.. အရပ် က ခပ်ရှည်ရှည်..။  သူ့ ဖခင် နှင့် ပိုဆင် လေ သည်။ 
..
အခန်းထောင့် စာအုပ် စင် လေး နား ရောက်သွား ပြန် သည်။
..
“ ရာ… ဒါ.. မာမီ ဖေ့စ်ဘွတ်ခ် မှာ တင်ထား တဲ့ စာအုပ် မဟုတ်လား…. ပြီးသွား ပြီလား..အထူကြီးပဲ…. ဘာတွေ မို့ လည်း … 
F… R… E…E… D…O…M 
ကောင်လေး က.. စာအုပ် ကို ကိုင် ပြီး တလုံး ခြင်း ဖြေးဖြေး အော် ဖတ် သည်။ ပြီး တော့.. ချက်ခြင်း ဆိုသလို… ကျနော် အိမ်မှာ နေမလို့ ပြန်လာတာ..  လို့.. အဆက်အစပ် မရှိ ခပ်မြန်မြန် ပြော ချ လိုက် သည်။
အသင့် ဖြစ်နေ ပြီ ဖြစ်တဲ့…အစား အသောက် တွေ ကို.. ထမင်း စားပွဲ ပေါ် မှာ.. တခွက်ခြင်း စီစဉ် နေရာချ နေ တဲ့.. အမျိုး သမီး ရဲ့  လက် အစုံ သည် .. တုန့် ကနဲ ဖြစ် သွား သည်။

“ ဘာ ကြောင့် ရယ် မဟုတ်ပါဘူး.. အပြင်မှာ လည်း အဆင်ပြေ ပါတယ်..  ”
..
ကောင်လေး က.. ဘယ်သူ့ ကို မှ…ဦးတည် မပြော သလို..ဘယ်သူ့ ကို မှ လည်း ကြည့် မနေ ပဲ.. ထမင်း စားပွဲ ၀ိုင်း မှာ ပိုင်ပိုင် နိုင်နိုင် ထိုင်ချ လိုက် သည်။
ညနေစာ စား ဖို့.. စားပွဲ ဆီ ထ လာ တဲ့.. အမျိုး သားက.. နံရံ ပေါ် က.. ပန်းချီ ကား ကြီး ကို တချက် လှမ်းကြည့် ပြီး …. သူ့ မျက်လုံး ကို မှိတ်လိုက်သည်။
တလျှောက်လုံး… မီးဖို ဘေး..သူ့ သခင်မ  အနား မှာ ၀ပ် နေ တဲ့ ကြောင်ဝါကြီး က .. ခေါင်းကို ထောင် လိုက် သည်။   မျက်စိ နှစ်လုံး ကို အလည်ခေါင် နှာ နု အထိ ရောက်အောင် ရှုံ့တွ ပြီး ပိတ်ချ ပြစ် လိုက် တော့.. နှုတ်ခမ်းမွေး တွေ ကော့ ပြီး ထောင် တက် သွား သည်။ ပြီးတော့မှ.. ပျင်းကျော ဆွဲ သလို.. ခြေထောက် နှစ်ချောင်း ကို..စုံကန် ပြီး.. ထ လိုက်ရင်း .. ၀ရန်တာ ဖက် ဆီ အသာအယာ ထွက် လာ  သည်။ သူ့ လည်ပင်း က.. ခြူသံ က..သူ့ အတွက် သိပ် နေ သား မကျသေး။
ဝရန်တာ အပေါက်နား ရောက်တော့.. တချက် ပြန်လှည့် ကြည့် သည်။ ထမင်းစားပွဲ ၀ိုင်း လေး မှာ.. လူ သုံးယောက် ခေါင်းငုံ့ ပြီး .. လက်ခြင်း ဆုပ်ကိုင် လျက်.. တစုံ တရာ မှာ ငြိမ်သက် နေ ကြ သည် ။ စားပွဲ နောက်ဖက် နံရံ ပေါ်က.. ခမ်းခမ်း နားနား ပန်းချီ ကားကြီး ထဲ မှာ လည်း…အစား အသောက် တွေ တင်ထား တဲ့ စားပွဲ ရှည်ကြီး အနား မှာ… လူတစု ၀ိုင်းထိုင်ရင်း… တစုံ တရာ မှာ ရပ်တန့် နေ ကြသည်။ 
အပြင်ဖက် ၀ရန်တာ က.. ငှက်လှောင်အိမ် လေး ချိတ်ဆွဲ ထား လေ့ ရှိ တဲ့.. ထုတ်တန်း လေးကို   ကြည့်မြဲ အတိုင်း လှမ်းကြည့် လိုက် ပေမဲ့  …. တဖျပ်ဖျပ် အတောင်ခပ် သံ မကြား ရ တော့ ပေ။

မျက်လွှာ ကို ချ ပြီး.. ၀ရန်တာ အပြင်ဖက် ညနေ ညိုရီ ထဲ ဆီ အကြည့် လွှဲ လိုက်သည်။ ထိုင်နေ ကျ.. ၀ရန်တာ လက်တန်း လေးပေါ်..ဖြတ်ကနဲ ခုန် တက် လိုက် တော့.. ခြူသံ ခပ် ပြင်းပြင်း မြည် သွား သည်။  လမ်းတဖက် ခြမ်း သစ်ပင် ကြီး တွေ ပေါ်က.. အိပ်တန်း ပြင် နေမဲ့.. ငှက် ကလေး တွေ များ .. လန့် သွား လေ မလား.. ။
+++++++++
(ပြီး) 

http://rcm.amazon.com/e/cm?t=k003c-20&o=1&p=8&l=bpl&asins=0312600844&fc1=000000&IS2=1&lt1=_blank&m=amazon&lc1=0000FF&bc1=000000&bg1=FFFFFF&f=ifrအမေရိကန် စာရေးဆရာ Jonathan  Franzen  ၏ Freedom ၀တ္တုအား ကိုးကား  ခံစား ၍.. ခေတ်တခေတ် နဲ့   လူ များ အကြောင်း ကြိုးစား ရေးဖွဲ့ ထား ခြင်း ဖြစ်သည်။

 

May 18, 2011

>၀ှက်ဖဲ (အခန်း ၃)

Filed under: Books,short story — kaythwe @ 7:01 am

>@font-face { font-family: “Times”;}@font-face { font-family: “MS 明朝”;}@font-face { font-family: “MS 明朝”;}@font-face { font-family: “Cambria”;}@font-face { font-family: “Zawgyi-One”;}p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0cm 0cm 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; }

အခန်း(၃)-
သူ
နေအုံး…ဝေါ်လတာ ဆိုတဲ့ ကောင် က..ဘာဖြစ် လို့.. ဒီ  Nameless lake  ဆိုတဲ့.. တောအိမ် လေး မှာ တယောက် တည်း ဖြစ် နေ  ရ တာ လည်း

ခု..သူ ဖတ်နေ တဲ့ အထဲ တော့.. ဝေါ်လတာ ရယ်.. အိမ်နောက်ဖေး တောအုပ် ထဲက..ငှက်တွေ ရယ်.. ဘေးအိမ်က.. ကြောင်ကြီးရယ်.. ကြောင်ပိုင်ရှင် ခပ်စွာစွာ အိမ်နီးချင်း မိန်းမ ရယ် သာ…။

ရှေ့ဖက် အခန်း တွေ ကို နည်းနည်း ပြန်လှန် ကြည့် သည်။ 

သြော.. ဒီကောင်က.. သူ့လက်ထောက်မ.. နဲ့.. အကြီးအကျယ် ဇတ်လမ်း ဖြစ် ခဲ့ တာပဲ…။ ပယ်ပယ် နယ်နယ် ရေး ထားတဲ့.. အချစ် ခန်း တွေကို ဖတ်ရင်း.. ဒါကြောင့်..ဒီဝတ္တု ဒီလောက် ထူ နေတာ ဖြစ်မည် ဟု တွေးရင်း ပြုံးမိ သွား သည်။

ရှေ့ ဖက်က အခန်း မှာ တွေ့ လိုက်တဲ့.. အချစ်ဆုံး အခန်းဖော်..ငယ်သူငယ်ချင်း ရစ်ချဒ် က ရော.. ဘယ် လို ပြန်ပါ မှာ တဲ့ လည်း…

စာအုပ်ကို တဖျပ်ဖျပ်  လျှောက်လှန်ရင်း….Mistake was made ဆိုတဲ့.. ခေါင်းစဉ် အခွဲ လေး ကို စိတ်ဝင်စား သွား သည်။ ပတ်တီ ဆိုတာ..သူ့ မိန်းမ ဖြစ်မည်….အဲဒီ အမျိုးသမီး  နေရာ က နေ .. ရေးထား တဲ့.. ကိုယ်တိုင်ရေး ၀န်ခံချက် ဆို ပါလား…။

..
..
..

“ အမယ်.. ၀တ္တု ကြီးကို ကောက်ဖတ် လို့ ပါ လား.. ဘယ် က ဘယ်လို စိတ်ဝင်စား တော် မူ သွား သလဲ ..”

စာအုပ်ကို ပိတ်ပြီး ဘေးမှာ ချ လိုက်ရင်း.. သူ့ ဇနီး ကမ်းပေး လာ တဲ့.. နွားနို့ ခွက် ကို.. ယူ လိုက် သည်။ ဒီည တော့.. ကွန်ပြူတာ စော စော ပိတ် ပြီး.. သူ့ အနား မှာ လာထိုင် လို့ ပါလား..။ ကြောင်ဝါ ကြီး က လည်း သူမ အနောက်မှာ ကပ်လျက်…။ အမြီး ကြီး ကို ထောင်လို့….။


“ အင်း ပေါ့.. မင်းက.. အသဲ အသန် ဖတ်ပြီး.. ပါးစပ် ကလည်း ပြောပြော နေ တော့.. ဘာတွေ များ ဘယ်လောက် ကောင်း လို့ လည်း လို့.. လျှောက်လှန် ကြည့် တာပါ.. ”

စာကြည့်ခန်း ထဲက.. ဆိုဖာ ကြီး သုံးလုံး ကို ကြည့်ရ တာ.. ခု တလော.. သိပ် ကြီး ပြီး.. ဘာမှ အသုံးမ၀င် သလို ခံစား နေ ရ သည်။ သား ရှိ တုန်းက တော့.. ဒီ အခန်း ထဲ မှာ သူ့   ရက်ပ် သီချင်းခွေ တွေ .. ရက်ပါ ကိရိယာ အသုံးအဆောင် တွေ နဲ့ ဆူညံ ရှုပ်ပွ နေ ခဲ့ သည်။  သား ဖို့ တီဗွီ ခန်း သပ်သပ် လုပ်ပေး ဖို့ ပူဆာ လှ သော သား အမေ လည်း ခု တလော .. စာဖတ်ခန်း မှာ ပင် သိပ်မထိုင် တော့ ဘူး မဟုတ်လား…။


“ အဲဒီ တော့.. ဘာတွေ တွေ့ လည်း.. လျှောက်လှန် ယုံ နဲ့ တော့.. ဘာ သိ မလည်း..”

“ အိုး.. အသေးစိပ် တွေ မလို ပါဘူးကွာ.. စာအုပ် တအုပ်ကို.. ရှေ့ ဆုံး စာမျက်နှာ ရယ်.. နောက်ဆုံး စာမျက်နှာ ရယ် ဖတ် လိုက် ရင် …ငါ့ အတွက် လုံ လောက် ပြီ…မင်းသာ.. ကိုးရက် ဆယ်ရက် အချိန်ကုန် ခံ ဖတ် နေတာ.. ဟတ်လား.. ဟဟ..
….
ပြီးတော့..ဒါတွေက.. တကယ်တော့… ဟောလိဝုဒ် က ရုပ်ရှင် တွေ လိုပဲ..  ဘလော့ ဘက်စတာ တွေ ပါ ပဲ ကွာ.. ရုပ်ရှင် ဆိုရင်တောင်.. နှစ်နာရီ လောက် နဲ့ ကိစ္စပြတ် တယ်…”

“ သြော.. ရှင်က မှ …ရသ  တွေ မကြိုက်တာ.. မဖတ် တတ် တာ… ရသ ၀တ္တု တပုဒ် ကို.. အစ နဲ့ အဆုံးပဲ ဖတ်ပြီး တော့ —- တော့.. အဲလို မဝေဖန် ပါ နဲ့ ကွယ် … ပူစီ ရယ်.. နော.. ပြောလိုက်စမ်း.. ”

“ နောက်တာပါ ကွာ.. ငါ.. နောက်ဆုံး က..အခန်း တခန်း ဖတ် လိုက်တာ.. မဆိုးဘူး.. စွဲဆောင်မူ ရှိ သားပဲ…ဝေါ်လတာ က.. ဇတ်လိုက် လား..
သူ့  နေရာ ကနေ ရေး ထား တဲ့.. အခန်း ..

သူတို့ နွေရာသီ အိမ် ကလေး ကို..သူ တယောက် ထည်း ပြန်လာပြီး..  နေတော့.. သူ့ တောအုပ်လေး ထဲ က..ငှက်တွေ နဲ့.. ဘေးအိမ်က.. ကြောင် ကြီး ရဲ့ အန္တရယ် အကြောင်း လေး ရေး ထားတာ တော့… သဘော ကျ သား … 
….
ဘာလဲ.. အဲဒီ ကြောင်ကြီး ကိုက်သတ် ထားတဲ့ ငှက် သေ တွေကို တပုံချင်း ဓါတ်ပုံ ရိုက် ပြီး..  ရပ်ကွက် ထဲက.. အိမ်တွေ မှာ လိုက်ဝေ တဲ့ ဟာ.. ပြီးတော့.. ကြောင်တွေကို အိမ်ထဲ မှာ ပဲ ထား ဖို့ နဲ့.. အပြင်ထုတ်တဲ့ အချိန်မှာ.. ခြူ ဆွဲ ဖို့ ဆိုတဲ့.. ဥပဒေ ကို… လော်ဘီ လုပ် တဲ့ အကြောင်း လေး.. ရီ ရ တယ်..အမယ်.. မပြောနိုင်ဘူး ကွ.. ဒါ .. အမေရိက က.. အူကြောင်ကြား ဥပဒေ တွေ ကို သရော် တာလဲ ဖြစ်နိုင် တယ်..
….
အေး.. စကားစပ် လို့.. မင့် ကြောင် ကြီး လည်း.. မနက်က.. ခြံ ထဲက.. အကောင် တကောင် ခုတ် ပြီး တက်လာ တာ တွေ့ လိုက် တယ်..… သတိ ထား အုံး…ခြူလေး ဘာလေး တပ်ပေး ထား လေ ကွာ.. ”

“ ရှင့်ငှက် ကလေး တော့ မဟုတ်ဘူး မဟုတ်လား.. ”
“ အို.. ငါ့ ငှက်သာ ဟုတ်လို့ ကတော့ လား.. မင့်ကြောင် ဟင်းအိုးထဲ ရောက်သွားမယ် မှတ်..ဟတ်လား.. ဟေ့ကောင်.. ”

ဘုတ်ထိုင်းထိုင်း ပုံစံ ကြီး နဲ့.. သူ့သခင်မ ပေါင်ပေါ် တက်ထိုင် နေတဲ့..ကြောင်ဝါ ကြီး က တော့…. သူ ခြေထောက် နဲ့.. မထိ တထိ လှမ်း ကန် ပြီး စ တာ တောင်.. တချက် မလှုပ်…။ 

သူ့ မိန်းမ ကြောင်ချစ် ပုံ ကို လည်း .. သူ ..ထူးပြီး စိတ် မပျက် တော့ ပေ…။ ပြီးတဲ့ တနှစ် ..နှ နှစ် လောက်က မှ.. ဘယ်ကမှန်း မသိ တဲ့.. ဒီကောင် ကြီး အိမ်ပေါ် တက်လာရင်း.. ခုတော့.. သူမ အသဲကျော် ဖြစ်နေ လေ သည်။ သူ ကလည်း ဘယ်လို ဖြစ်ပြီး တော့ ကို .. ကြောင်တွေ ကို မချစ် တတ် မှန်း ကို မသိ…။ ဝေါ်လတာ ကတော့… ကြောင်တွေ ကို မုန်းပင် မုန်းတီး လှ သည် ဆို ၏။  နောက်ဆုံး..အင်မတန် စည်း ရှိ သော..ဥပဒေ လိုက်နာ သော သူ  ဖြစ်လျက် နှင့် တောင်.. . သူ့ ခြံ တောအုပ် ထဲက ငှက်ကလေး တွေ ဘေးကင်း လုံခြုံ ဖို့ အတွက်.. ဘေးအိမ်က.. ရန်သူ တော် ကြောင် ကြီးကို.. တိတ်တိတ် ကလေး လက်စ ဖြောက် ပြစ် လိုက် သည် အထိ….။ ခုန သူ သဘောကျ သော စာလေး တကြောင်း တွေ့ လိုက် မိသည်။ စာအုပ် ကို ပြန် ဖွင့် ရင်း.. လှန် ရှာ တော့….

“ ကြည့်.. ဒီ စာကြောင်း လေး .. ငါ သိပ် သဘော ကျ တယ်… 
He’d never seen anything in a cat’s face but simpering incuriousty and self interest: you only had to tease one with a mouse-toy to see where its true heart lay. 
 အဲဒါ .. ကြောင်ပဲ ကွ… ကြောင်ဆို တဲ့ အတိုင်း .. ကြောင် ကို ကြောင်တာ..ကိုယ့် ကို ကိုယ် ပဲ စိတ်ဝင်စား တာ.. သူတို့ နှလုံးသား မှာ ကြွက် နဲ့ ငှက်က လွဲ လို့ ဘာမှ မရှိဘူး.. မင့် ကောင်ကြီး ကတော့.. မဆိုးပါဘူး.. အနည်းဆုံး တော့..သူ့ သခင်မ ကို..ဘယ်လို အဖော်လုပ်ပေး ရ မလည်း ..ချွဲရ မလည်း ဆိုတာတော့..ကောင်းကောင်း သိပုံ ပါပဲ.. ဟတ်လား… ဟမ် ”
..


“ အိုး.. ကျမ ကတော့.. အဲဒီ အခန်းကို..ဖတ်ရ တာ အပျင်းဆုံးပဲ….
….
ဒီလူကြီး ကလည်း ငှက် တွေ ကို ဘာလို့ များ ဒီလောက် စိတ်ဝင်စား တာလဲ မသိပါဘူး… .သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း တာ က..ဟုတ်ပါပြီ… ဒီ ငှက် တမျိုး  နှစ်မျိုး အတွက် နဲ့ တော့.. အဲဒီလောက် ဖြစ်နေ စရာ မလို ပါဘူး.. အဲဒါကြောင့်..  လဲလီသာ .. က ပြန် ပြောတာ.. သဘာဝ ကြီး မှာ ကို က.. “constant killing”  ပဲ တဲ့..ဒီ ငှက် ကလေး တွေ ကလည်း.. ပိုးကောင် လေး တွေ.. ဘောက်ဖတ် ကလေး တွေ ကို နှုတ်သီး နဲ့ ဖောက် သတ် စား နေကြ တာပဲ တဲ့…အဲဒါ တော့ အမှန်ပဲ..”

“  လဲလီသာ  ဆိုတာ.. သူ့လက်ထောက် ကုလားမ လေး လား.. ”

“ အင်းလေ.. အမေရိကန် ပေါက်.. မိုင်ဂရန့် ကုလား ပေါ့…သူ့ကို အရမ်း လေး စား.. အတင်း လိုက် ကပ်  နေတာ .. အသက်က.. တ၀က်လောက် … အဲဒါကြောင့် .. အဲလို တွေ ဖြစ်ကုန် တာပေါ့.. ဒါပေမဲ့.. နောက်တော့…အဲဒီ ကုလားမလေး ကို စာရေးဆရာက.. ကားမှောက် ပြီး သတ်ပြစ် လိုက် တယ်.. ”


“ ဟ.. သူ့မိန်းမက.. ဟို..သူ့  သူငယ်ချင်း ရော့ကာ  နဲ့.. ဖြစ်တာ ကြ တော့ ရော…အသွား ရှိ လို့ အပြန်ရှိ တာ ပါကွာ.. ”
….
သူ့ ဇနီး က.. တီဗွီ ရမုတ် ကို ယူပြီး လိုင်း ပြောင်း လိုက် တော့.. သူ လည်း… စာအုပ် ထူ ကြီး ကို ပြန်ကောက် ကိုင် ဖတ် နေ လိုက် သည်။ 

@font-face { font-family: “MS 明朝”;}@font-face { font-family: “Cambria Math”;}@font-face { font-family: “Cambria”;}@font-face { font-family: “Zawgyi-One”;}p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0cm 0cm 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; }
ဘာပဲ ပြောပြော.. သူ့ စိတ် ထဲ မှာ ဝေါ်လတာ ကို နားလည် သလို ရှိ သည်။ သူ ဖတ်ရ သလောက်.. စာရေး ဆရာ ၀င်စား ပုံဖော် ထား သော ဝေါ်လတာ  သည်.. အပြင်ပန်း အားဖြင့်.. ညီးငွေ့ စရာ ..အနည်းငယ် ကောင်းလှ ပေမဲ့.. သူ့ အတွင်း စိတ် သည်.. တည်ကြည် သည်.. စည်းစနစ် ရှိ သည်.. တာဝန် သိ သည်။ 
.
စာရေးဆရာ ဆို တဲ့ ကောင် က.. သူ ကိုယ်တိုင် လည်း တော့် တော့် ကို self conscious ဖြစ်ပုံ ရ သည်။  ဝေါ်လတာ က.. ငယ်ငယ် လေး ထဲက.. အိမ်မှာ အလတ် ဖြစ်ရင်း..မိသားစု မောင်နှမ တွေ ရဲ့.. တာဝန် ပျက်ကွက် မူ တွေ ကို.. မသိစိတ် က.. ရွံမုန်း နေ ခဲ့ သူ လို့.. တစွန်း တစ သူ တွေ့ လိုက် သည်။ ဒါကပဲ.. လောက လူမူ ဆောင်တာ တွေ ကို.. အစီအစဉ် တကျ ဆောင်ရွက် ချင် သူ တယောက် ဖြစ်လာ စေ တာ ဖြစ်မည် ။ ဒါဆို သူ့ လက်ထောက်မလေး နဲ့ မှ.. ဘယ်လို ဖြစ် သွား သလည်း..။ 
….
သူ သိ သည်။ ဒါ.. ထိမ်းချုပ်မူ တခု ရဲ့… အဆုံးစွန် တန်ပြန် သက်ရောက် မူ…။ ဒါမှ မဟုတ်.. ငြီးငွေ့ မူ တခု ရဲ့.. ယိုစိမ့် ညစ်ညမ်းမူ….ပိုပြီး သေချာ နိုင် တာ ကတော့.. ငြင်းဆန်နိုင် စွမ်း မရှိ တဲ့.. လူသားဆန်မူ….။
 

ပြီးတော့.. စာရေးဆရာ ရဲ့ ငှက်တွေ နဲ့ ပတ်သတ် တဲ့.. ခံစားချက် ကို… သူ့  ဇနီး နားမလည် နိုင် ပေ မဲ့…ပတ်တီ  နားမလည် နိုင်ပေမဲ့… လဲလီသာ  နားမလည် နိုင် ပေမဲ့… သူ တော့..နားလည် နေ မိ သည်။

Constant killing.. ။ ဟုတ် တယ်…။ ဒါပေမဲ့.. ငှက်ကလေး တွေ ရဲ့… killing မှာ.. ချောင်းမြောင်း ဖမ်းဆီးမူ  မပါ.. ရက်စက် ကြမ်းကြုတ် မူ မပါ.. အလိုလောဘ တွေ မပါ.. သဘာဝ ရဲ့  အလိုက်သင့် အတိုင်းသာ…။ ပြီးတော့.. သူတို့ မှာ..ကြောင်တကြောင် လို ပျင်းရိ ငြီးငွေ့မူ မရှိ.. အေးစက် ထုန်ထိုင်းမူ မရှိ.. လိုတ ယုယ ခံလို စိတ် မရှိ…။ 
.
ကြည့်လေ….

ငှက်တွေ ရဲ့.. အသံ လို သာယာ နာပျော်ဖွယ် ကောင်းတဲ့ အသံ..ဘယ် တိရိစ္ဆါန် မှာ  ရှိသလဲ…
ငှက်တွေ ရဲ့… ရွှေ့ ပြောင်း ပျံသန်း မူ လို.. တိကျ သေချာ တာ.. ဘယ် လူသား ကမ္ဘာ မှာ ရှိသလဲ…
ငှက်တွေ ရဲ့… ဖို-မ တရား လို.. လှပ ရိုးရှင်း တာ.. ဘယ် ချစ်ခြင်း မေတ္တာမှာ များ ရှိနိုင်  လို့ လဲ.…
..
သူလည်း ငှက်တွေကို ချစ်သည်
သူ့ လှောင်အိမ် ထဲက.. ငှက်ပြာလေး က တော့.. တကောင် တည်း … ပျံသန်းမူ တွေ ကင်းမဲ့ လို့….။  လှောင်အိမ် ထဲက.. သူ့ အသံ လေး က ရော.. ပျော်ရွှင် ကြည်နူး နေတာ ဖြစ်နိုင် ပါ့ မလား…။
….
တကယ်တော့… ဒီ ငှက်ကလေး ကို…သူ ဘာလို့  လှောင်အိမ်ထဲ မှာ ထဲ့ ပြီး မွေးထား မိ သလည်း ဆိုတာ.. သူ့ ဇနီး ကောင်းကောင်း မသဲ ကွဲ သလို… သူ ကိုယ်တိုင် လည်း….အသေအချာ.. နားမလည်  ခဲ့ ပါ…။




+++++
(ဆက်ရန်)

 

May 17, 2011

>၀ှက်ဖဲ (အခန်း ၂)

Filed under: Books,short story — kaythwe @ 7:04 am

>@font-face { font-family: “MS 明朝”;}@font-face { font-family: “MS 明朝”;}@font-face { font-family: “Cambria”;}@font-face { font-family: “Zawgyi-One”;}p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0cm 0cm 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; }

အခန်း(၂)- 
သူမ
ကွန်ပြူတာ ပိတ်သွားအောင် စောင့်နေ ရင်း.. ခါးကျော ကို ဆန့် လိုက်သည်။ 
..
 အပြာခံ  ပေါ် မှာ ပန်းပွင့် အဖြူ လေး တွေ ခပ်ကျဲကျဲ ဖောက်ထားတဲ့… ည၀တ် အကျီ င်္ လက်မောင်း အောက်က.. သူမ လက် တွေ သည်..ကွန်ပြူတာ ကီးဘုတ် ပေါ် မှာ ရှိနေ သေးသည်။ လိုးရှင်း တခုခု စွဲစွဲ မြဲမြဲ လိမ်းဖို့ လို ပြီလား လို့.. သူမ ရဲ့ လက်ချောင်း လေး တွေကို.. တချောင်းခြင်း ကွေးချည် ဆန့် ချည် လုပ် လိုက် ရင်း.. ကွန်ပြူတာ နောက်က.. စားပွဲတင် မှန်သေးသေး လေး ထဲ ကို လှမ်းကြည့် လိုက် မိသည်။  ၄၆ နှစ် ဆိုသော မျက်နှာ သည်.. လူတကာ ပြောသည့် အတိုင်း.. အသက်ထက် များစွာ နုပျို  နေပါသေးသည် လေ…။ အခုလေး တင်.. ဖေ့စ်ဘွတ်ခ် မှာ သူမ  တင်လိုက် သော.. ပုံကို..သူငယ်ချင်း တွေက..၀ိုင်း မြှောက် နေ ကြ သည်။ မနေ့ ကမှ.. အပြင်သွား ဖို့ လှတ ပတ ၀တ်စား ထားတုန်း.. ရိုက် လိုက် သည့် ပုံ။ ခုတလော..ဓါတ်ပုံ ခဏ ခဏ အရိုက်ခံ ချင် နေတဲ့ သူမ ကို  သူ ကတော့ သိပ် ပြီး တော့… စိတ်ရှည် ပုံ မရ။

ကုတင် ပေါ် မှာ ရောက်နေပြီ ဖြစ်တဲ့.. သူ့ကို မသိမသာ လှမ်းကြည့် တော့..စာအုပ်တအုပ် ဘေးချ ပြီး..တီဗီ ကြည့်နေ သည်။ ဘာ အစီအစဉ် လည်း.. ။ အင်္ဂလိပ် ကားဟောင်း တခု ။

“ အင်တာနက် သုံး တာ မပြီး သေးဘူးလား.. ဆယ်နာရီ တောင် ကျော်နေပြီ…”
ကုတင်က.. ကွန်ပြူတာ စားပွဲ နှင့် ခပ်လှမ်းလှမ်း မှာ မို့.. ကုတင် ပေါ်က.. သူ့ မျက်နှာ ရိပ် ကို.. သေချာ စွာ မမြင် လိုက် ရပေမဲ့.. သူ့ အသံ မှာ တော့.. မကျေပ်နပ် မူ က.. အတိုင်းသား။  ပြောပြောဆိုဆို .. ကုတင် ခြေရင်းက.. တီဗီ ကို.. ရမုတ် နဲ့  လှမ်းပိတ် လိုက်ရင်း… သူ့ ခေါင်းရင်းက.. စားပွဲတင် မီးကို ပါ ပိတ် ချ ပြစ် လိုက် သည်။
ဆယ်နာ ရီ တောင် ကျော်သွား ပြီ လား…သူမ ထိုင်နေတာ.. ထမင်းစားပြီး ကတည်းက…။ ဟုတ်တယ်.. ပုဂံ တွေ ဆေးကြော သိမ်းဆည်း ပြီးတော့ ပဲ.. ၈ နာရီ ခွဲ.. ။ အီးမေးလ် ဖွင့် လိုက် တော့.. အီးမေးလ် ထဲ ၀င်နေတဲ့.. ဖေ့စ်ဘွတ်ခ် က.. ကွန်မန့် တွေ ကို ဖွင့်ရင်း.. ဖေ့စ်ဘွတ်ခ် ထဲ ရောက်သွား ခဲ့ သည်။

“ မဟုတ်ဘူး.. သိလား.. ဖေ့စ်ဘွခ် မှာ ဟိုကောင် တွေ နဲ့  ပြန်တွေ့ ပြီး.. လျှောက် နောက် နေ ကြတာ.. မတွေ့ ကြတာ နှစ်တွေ ဘယ်လောက် ရှိ ကြ ပြီလဲ…ဘာပဲ ပြောပြော ၀မ်းသာ စရာ ပဲ… ရှင့်ကို တောင် မေးနေ သေးတယ်..ဖေ့စ်ဘွတ်ခ် မသုံး ဘူး လား တဲ့.. ရှင့် ဓါတ်ပုံ တော့ ပြ လိုက် တယ်..”
…..
“ ပျော်တာလည်း ပျော် ပေါ့…တို့  ပုံ တွေ တော့..သိပ် လျှောက် မတင် နဲ့.ကွ… ငါက..ဖေ့စ်ဘွခ် ကို အယုံ အကြည် ကို မရှိဘူး…လူတွေ ကို ကောင်းကောင်း manipulate  လုပ်နေတာ.. အမေရိကန် တွေ ရဲ့ နောက်ဆုံးပေါ် လက်နက် ပဲ.. အဲဒါ မှ..WMD အစစ်.. အေး destructive တော့ မဟုတ်ဘူး…world mass distraction တော့ အသေအချာ  ပဲ.. .. ”
……

“ ဘင်လာဒင် နဲ့ ဘာတော်ပါလိမ့်.. မုတ်ဆိတ်မွေးချင်း တော့ တူသလို ပဲ..”
…. 
“ ဟုတ်တယ်လေ… စီအန်အန် မှာ မတွေ့ဘူးလား… ရိုးရိုး သတင်း ကြေငြာ တာ နဲ့ တောင် မလုံလောက် ဘူး လား မသိ.. သတင်း တခု ပြီးတိုင်း ဖေ့စ်ဘွတ်ခ် ပါ.. တွီတာ ပါ နဲ့.. ပရိုမိုးရှင်း လုပ်နေတာ.. လွန်လွန်း တယ်.. အီဂျစ် တော်လှန်ရေး ကိုတောင်.. ဖေ့စ်ဘွခ် တော်လှန်ရေး လိုလို.. ပုံဖျက် ပြီး ၀ါဒ ဖြန့်ချင် နေ ကြတယ်…စဉ်းစား ကြည့်စမ်း..တကမ္ဘာလုံးက.. ခေါင်း တွေ… မျက်နှာ တွေ….စီအိုင်အေ စားပွဲအောက် ကို အလုအယက် ကို ..တိုးဝှေ့ ၀င် နေ  ကြတာ.. ”

“ အော်..ဒုက္ခပါပဲ ကွယ် .. ရှင်ကလည်း.. မကောင်းပဲ မြင်နေ တော့ တာပဲ…ကျမ နဲ့ စီအိုင်အေ နဲ့ အဝေး— ကြီး… ရှင့် နဲ့ မှ နည်းနည်း နီးစပ် အုံးမယ်..
ဟင်—-
တဆိတ်လောက်.. ဟောဒီ ရှင့်မျက်မှန် ကြီး ချွတ်ပြီး.. ခေတ်ကြီးကို အရှိ အတိုင်း ကြည့် ပဲ- ကြည့်ပါအုံး တော့ လား…ဟင်…”
မျက်မှန်  ကြီးကို ဆွဲ ချွတ် လိုက်ရင်း..ခပ်မြူးမြူးလေး ပြော လိုက် ခါ မှ.. သူ့ မျက်လုံး ထဲက.. အလေးအနက် ဖြစ်မူ တွေ က.. သူမ မျက်နှာ ပေါ် ကို.. တိုက်ရိုက် ကျ လာ လေ သည်။
“   ဟေ့….. ဒီမှာက.. သားကိုလည်း စောင့် ကြည့် နေ ရလို့ပါ ကွယ်…ဟောဒီက ယဉ်ကျေးမူ တွေ ထဲ မှာ.. မကျက်တကျက် နဲ့ ၁၈ နှစ်တောင် ကောင်းကောင်း မပြည့် သေးပဲ.. ဖရီးဒမ်း တွေ.. စပေ့စ်  တွေ ပြောလာ နေတဲ့.. ရှင့်သား ကို.. ရှင် ဒီ အတိုင်း ပြစ် ထား မလား…အနည်း ဆုံး.. ကျမ တို့ မျက်စိ အောက် မှာ မနေ တော့ ရင် တောင် မှ.. သူ ..ဘာတွေ လုပ်နေသလဲ..ဘယ်သူ တွေ နဲ့ ပေါင်းသင်း နေသလဲ.. သူ့ လှုပ်ရှားမူ လေး တွေ  မြင်ရ သိရ တာပေါ့.. ”
အင်း ..ခုမှ သတိရ သည်။ ခု တလော.. ဖေ့စ်ဘွတ်ခ် မှာ သား ကို မတွေ့ တာ ကြာပြီ။ အရင် တုန်း က ဆိုရင်.. ဟိုင်း..မာမီ.. ဘာညာ လောက်.. လုပ် တတ် တာ.. ခု တလော သူမ ကိုယ်တိုင် ပင် သားကို မေ့ နေ မိ လေ သလား..  သား ကပဲ.. ကိုယ့် ကို ပြန် စောင့် ကြည့် နေ လေ သလား….ဒါမှ မဟုတ်.. သူ့ အဖေ လိုပဲ .. နားလည်ရ ခက်.. တဲ့.. ယောက်ျား ကြီး တယောက် ဖြစ်နေ  ပြီ လား..။
“ အေး.. အေး .. အေး…
…. ဖေ့စ်ဘွတ်ခ် က.. မင့် စာရင်း ထဲမှာ မင့် သား နာမည် ရှိနေ တာနဲ့.. မင့် သား ကို မြင်နေ သိနေ လိမ့်မယ် လို့ မင်း ထင်သလား.. ခုခေတ် ကလေး တွေက.. မင့် တို့ ငါ တို့ ထက် လည်တယ်.. စမတ် ကျ တယ်..
..
တနေ့က.. မင့် ကွန်ပြူတာ ပွင့် နေတုန်း.. မင့် ဖေ့စ်ဘွတ်ခ် ကို ငါ ကြည့် လိုက် ပါတယ်…ဟိုကောင် တွေ အုပ်စု လည်း ငါ တွေ့ လိုက် ပါတယ် ကွာ .. ဘာတွေ မှန်း လည်း မသိ ဘူး… အကုန်လုံး က ..ကိုယ့်ဟာ နဲ့ ကိုယ်တော့ ဟုတ်နေကြ တာပဲ..… Narcissism epidermic  ဆိုတာ..အဲဒီ မှာ တကယ် ကို ဖြစ်နေ တာပဲ ကွ ..
…..
….
အေးပါလေ ….ငါ့မိန်းမ ကတော့.. ဖော်ဝဒ် မေးလ် တွေ မဖတ် တဲ့ သူ .. ဆို ရင် တော့..သိပ် စိတ်မပူ ပါဘူး ကွာ.. ရည်းစားဟောင်း  နဲ့  ပြန်တွေ့ ရင် တော့..သတိ ထားပေါ့…ဟတ်လား… ဟ ”
အောင်မယ် လေး တော် .. ဒီ အသက်အရွယ် ကြီး တွေ ရောက် နေမှ… လို့  ရီသွမ်း သွေး လိုက်ရင်း…အိပ်ယာ ပေါ် မှာ အသာ လှဲ ချ ပြီး..စောင်ကို ဆွဲ ခြုံလိုက် သည်။ ဖေ့စ်ဘွတ်ခ် မှာ.. သူ ဘာတွေများ တွေ့ သွား ပါ လိမ့်…
အိပ်ယာ ဘေး စားပွဲ ပေါ်က.. ဖတ်လက်စ စာအုပ် ထူ ကြီး ကို.. ကောက် ကိုင် ပြီး.. နေရာ မှတ်ထားတဲ့.. ကဒ်ပြားလေးကို ဖယ်လိုက်သည်…။  ခေါင်းရင်းက မီးတိုင် ကို.. ဟိုဖက် အလင်း အရမ်း မစူး အောင် အုပ်ဆောင်းကို နဲနဲ နှိမ့် ပေး မှ…။
“ သိလား.. ဒီ ၀တ္တု ထဲက.. လင်မယား မှာ လည်း.. သိပ်ဆိုး တဲ့.. သား တယောက် ရှိတယ်… ၁၆ နှစ် နဲ့.. ဘေးအိမ်က..ကောင်မလေး နဲ့  သွား အိပ်ပြီး အတူ နေ နေတာလေ…အမေ က..အရမ်း စိတ်ပူ လေ.. သားက.. ရွဲ့လေ..အဖေ က..စိတ်တို လေ… ဖတ်နေ ရင်း နဲ့ ကိုယ် တွေ ကို များ ပြောနေ သလား အောက်မေ့ ရ လောက် အောင် ပဲ…။ ၀တ္တု ကြီးကလည်း အဲဒီလောက် ကြီးရှည် မှ တော့.. အ ကုန်လုံးကို– ပါ အောင် ဆွဲ ဖြန့် ရေး နိုင် လိုက်တာ…. မိသားစု ဇတ်လမ်း လေး တပုဒ် ကို  အဲဒီ လူကြီး မို့.. အသေး စိတ် အကြောင်းစုံ အောင် ချဲ့ ရေး နိုင်တာ..
..
ဟေး.. အိပ်ပျော် ပြီလား..
 သိလား ..ရီပက်ပလစ်ကန် …နဲ့..ဒီမိုကရက် အားပြိုင် တာ ရော…အီရတ် စစ်ပွဲ ရော…. ရီပက်ပလစ်ကန် သူဌေး တွေ ရဲ့  စစ်ကန်ထရိုက်  လုပ်ငန်း တွေရော.. အစုံပဲ.. ခေတ်တခေတ် မှာ ဖြစ်နေ တာ တွေ ကို အကုန် တို့ ထိ ပြီး ရေး ထားတာ..နိုင်ငံရေး..လူမူရေး..နည်းပညာ အစုံပဲ . နောက်ဆုံး ကွာ.. ဘလော့ဂ် တွေ.. အင်တာနက် တွေ ထိ ရော ပဲ ”
“  …….. ဒီ စာအုပ်  ရေးတဲ့ အချိန်တုန်းက.. ဖေ့စ်ဘွတ်ခ် တွေ သိပ် ခေတ်မစား သေး လို့ ဖြစ် မှာ ပေါ့ .. ”
သူ- မကျေ မနပ် ဖြစ်နေ တာ ကို.. စကားလွှဲ လို့ မရ မှန်း သိ လိုက် ပြီ..။ တခုခု ဆို.. သူ က.. အခဲ အမဲ ကြီးသူ.. အစွဲ ကြီး သူ..။ ဝေါ်လတာ လို လူမျိုး …။ တော်ပြီ..ကိုယ့် ဖာ ကိုယ် ပဲ..အသာ  ငြိမ် ပြီး စာ ဆက် ဖတ် နေ လိုက် သည်။
Walter  နဲ့  Patty…။ အသက် နှစ်ဆယ် ကျော်..တက္ကသိုလ် မှာ တည်းက..ချစ်ခဲ့ ကြသူတွေ…။ အသက် တွေ လေးဆယ် ကျော် လာ ခါ မှ.. သူတို့ အချစ် တွေ…ဘ၀ တွေ ထဲကို ဘာတွေ ၀င်လာ  ကြ သလည်း …။ 

စာရေး ဆရာ က လည်း လေ… တယောက်ချင်း ရဲ့ ဘ၀ တွေ.. အတွင်းစိတ် တွေ ကို.. အနုစိပ် ရုပ်လုံးကြွ လာ အောင်.. တိုးဝင် ဖောက်ထွက် သွားအောင် ရေး နိုင် လိုက်တာ..။  အိမ်ထောင် တခု ရဲ့.. ရင်ခုန်သံ အနိမ့် အမြင့်.. ဆက်ဆံရေး အတက် အကျ.. မိသားစု ပြသာနာ.. ရွေ့လျားမူ တခု စီ တိုင်း က ကမ္ဘာပေါ်မှာ ရှိ – ရှိ သမျှ.. အိမ်ထောင် တွေ ရဲ့ .. သွေးကြော တွေ ကို..လိုက်စမ်း နေ သလို.. ။


ဘာပဲ ပြောပြော.. သူမ က.. ၀တ္တု တပုဒ် ကို တော့.. နက်နက် ရှိုင်းရှိုင်း ဖတ် တတ် သူပါ..။ ပြီးတော့.. စာရေးဆရာ ရဲ့ သွေးကြော လေး တွေ ကို လည်း ပြန် ရှာ တတ်သူ ပါ။ စာရေး ဆရာ ရဲ့ သွေးကြော နဲ့ သူမ သွေးကြော တွေ.. ခဏ ခဏ လာထိမိ နေတဲ့..ဒီ ၀တ္တုကို လည်း ..အတော်လေး  အံ့သြ နေ မိသည် ။
အခု..သူမ ဖတ်နေ တဲ့ အခန်း က.. Therapist  ဆီကို  ဦးတည် ပြီး ရေး ထားတဲ့.. ပက်တီ ရဲ့.. ဖြောင့်ချက် စာတမ်း ။ သူမ ရဲ့ စိတ်တွေ ကို ဖြန့်ဖြေ ချ နိုင် ဖို့ .. ရေးခိုင်း လိုက် တဲ့… ကိုယ်တိုင်ရေး ဘ၀ ဇတ်ကြောင်း။
ကျောင်းသူ ဘ၀ …ဝေါ်လတာ … နဲ့  ချစ်နေစ အချိန်မှာပဲ…ဝေါ်လတာ ရဲ့ အချစ်ဆုံး အခန်းဖော် သူငယ်ချင်း.. ရစ်ချက် ရဲ့ ကားကြုံ  နဲ့ ညအိပ် ခရီးရှည် ကြီး ကို သူမ လိုက်သွား  ခဲ့ ဖူး သည်။
ရစ်ချက် က.. မိန်းမ ရှုပ်သူ.. ဘ၀ ကို.. အစီအစဉ် မကျ နေချင်သူ.. ။ ဝေါ်လတာ က.. စည်းစနစ် ရှိသူ.. စောင့်ထိန်း သူ။ ပြီးတော့ သူမ ချစ်သူ။  သူမ… ဝေါ်လတာ နဲ့ လက်ထပ်ခဲ့ သည်။  ဥပဒေ ဘွဲ့ရ  ဝေါ်လတာ ရဲ့  အိမ်ရှင်မ တယောက် အဖြစ် နဲ့  သမီး တယောက် သားတယောက် ကို ကျွေးမွေး သုတ်သင် ရင်း.. အနှစ် ၂၀ လောက် ကြာ မှ.. Richard Katz ဆိုတဲ့..  အဆိုတော် တေးရေးဆရာ  ရော့ကာ ကြီးက .. သူ့ အချစ်ဆုံး သူငယ်ချင်း ဝေါ်လတာ နဲ့ ပြန် ဆုံမိ ကြ ရင်း.. သူတို့ ဘ၀ ထဲ ပြန်ရောက် လာ ခဲ့ သည်။ ရစ်ချက် က.. ကျော်ကြားမူ နောက် မလိုက် ပေ မဲ့..သူ့ သီချင်း တွေက..ပေါက် သည်။  အထူး သဖြင့် သူတို့ ရဲ့  နွေရာသီ မိသားစု အိမ်လေး မှာ.. လာ ရောက် တည်းခို ခဲ့ တုန်း စပ် ခဲ့ တဲ့..Nameless lake   ဆို တဲ့ သီချင်း ကြောင့်.. လူသိ ပို များ လာ သည်။ သဘာဝ ရေကန် လေး တခု ဘေးက.. တောအုပ် လေး တွေ ကျေးငှက်လေး တွေ နဲ့… တိတ်ဆိတ် အေးချမ်း နေတဲ့.. အဲဒီ အိမ်ကလေး ရဲ့ အမည် ကလဲ… Nameless lake  ။ ဒီ သီချင်း ထဲ မှာ.. စိတ်ခံစားမူ  ပြင်းအား တွေ ဘယ်လောက် ပါဝင် ခဲ့ လို့ … ဘယ်လောက် ထိရှ ခဲ့ သလဲ ဆိုတာ ကို တော့… ရစ်ချက် နဲ့  ပတ်တီ  သာ အသိဆုံး ဖြစ်ပေ မည်။
ပတ်တီ ပြောပြော နေ သလို.. poor Walter က တော့.. တက္ကသိုလ် တက်နေပြီ ဖြစ်တဲ့..သမီးကြီးကို ကျေနပ် စိတ်ချ လျက်.. ၁၈ နှစ် မပြည့်ခင် အိမ်ပေါ်က..ဆင်းသွား တဲ့..သားငယ် ကို မေ့ချင်ယောင် ဆောင် ထားလျက်.. စိတ်မချ ရ တဲ့..သူ့ အချစ်ဆုံး သူငယ်ချင်း အကြောင်းကို ကောင်းကောင်း သိ လျက် နှင့် ပင်.. သူ့ ရဲ့  Cerulean Mountain Trust  ဆိုတဲ့ ငှက် တွေ ရဲ့.. သဘာဝ နေထိုင်မူ စနစ် စောင့်ရှောက်ရေး  လုပ်ငန်း အပေါ် မှာ.. စိတ်ရော ကိုယ် ပါ… နှစ် မြှုပ် ထား ခဲ့ သည်။

ဒီအခန်း ရဲ့ စာမျက်နှာ တော်တော် များများ ပေါ် မှာ ပတ်တီ ရဲ့.. တကျော့ ပြန် ရင်ခုန်သံ တွေ.. မူမမှန် စွာ ပြေးလွှား နေ ခဲ့ သည်။ ရူးသွပ်မူ တွေ ဆောက်တည်ရာ မရ စွာ မုန်တိုင်း ထန် နေ ခဲ့   သည်။ ပြီးတော့.. ဝေခွဲ နားလည်ရ ခက်မူ တွေ…။ စာရေး ဆရာ သုံးသလို ဆို.. Mr. Nice  နဲ့   Mr. Cool … ။ ပတ်တီ ရဲ့ အသိစိတ် နဲ့ မသိစိတ်….။
တဖြည့်း ဖြည်း နဲ့ …၀တ္တု ထဲက ဇတ်ကောင် တွေ သည်.. သူမ ရဲ့ အသိစိတ် ထဲ မှာ .. ရှင်သန် သထက် ရှင်သန် လာ နေ ကြ ရင်း သူမ ရဲ့ မသိစိတ် တွေ ထဲ ကို လည်း.. ထိုးဖောက် မွှေနှောက် နေ ကြ လေ ပြီ။

တကယ့် တကယ် ကျ တော့…တက္ကသိုလ် ဘက်စကတ်ဘောလ် လက်ရွေးစင်ဟောင်း ပတ်တီ  ရဲ့  အနိုင်ယူ လို စိတ် တွေ က.. အရှုံးတွေ ထဲ ကိုသာ တိုးဝင် မိ တဲ့.. အဖြစ်ပါလား…။
အကယ်လို့သာ  ဝေါ်လတာ ရဲ့ လက်ထောက် .. ငယ်ငယ် ရွယ်ရွယ် သွက်သွက် လက်လက်.. အသားညိုညို နဲ့  ကုလားမလေး   Lalitha  – သာ မပါ ခဲ့ ရင်.. ဒီဇတ်လမ်း က.. ဒီလို ဖြစ်လာ ခဲ့ မည် လို့.. သူမ…  မထင်..။





 
++++++++
( ဆက်ရန်)






May 16, 2011

>၀ှက်ဖဲ

Filed under: Books,short story — kaythwe @ 6:36 am

>

@font-face { font-family: “MS 明朝”;}@font-face { font-family: “MS 明朝”;}@font-face { font-family: “Cambria”;}@font-face { font-family: “Zawgyi-One”;}p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0cm 0cm 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; }
ဆောင်းဦးပေါက်  နံနက်ခင်း တို့ သည် နိုးနိုးကြားကြား ရှိ နေ မြဲ ဖြစ် သည်။
နွေကာလ တွေက.. ရှည်လျား ပူပြင်း ခဲ့ သည့် နောက်… အေးမြ တဲ့ အပြောင်းအလဲ အောက်မှာ .. တခုခု အတွက်.. အသစ် တဖန် အသင့် ဖြစ်နေ ကြ ပြန်လေ ပြီ။

အပင်တွေက..အရွက်တွေ ထွက်လာ တာ ပဲ ဖြစ်ဖြစ်..
ပန်းတွေက.. အဖူး တွေ ငုံလာ တာပဲ ဖြစ်ဖြစ်..
ငှက်တွေက.. နေရာ ဒေသ ပြောင်း ကြ တာပဲ ဖြစ်ဖြစ်..

ဘယ်ကိုမှ  ရွှေ့ ပြောင်း ဖို့  အစီအစဉ် မရှိ တဲ့.. အိမ်ထောင်ဦးစီး တယောက် ဆိုရင် လည်း ..  ၀ရန်တာ လက်ရန်း တွေကို ဆေးပြန် သုတ် ဖို့  ဆိုတာ မျိုး ပဲ ဖြစ်ဖြစ်…

ဘာမှ လုပ်စရာ ထွေထူး မရှိ တဲ့.. အိမ်ရှင်မ တယောက် ဆိုရင် လည်း..  ဆောင်းမ၀င် ခင် တော့.. ဒီ မာဖလာ လေး ကို ပြီးအောင် ထိုးရမယ် ဆိုတာ မျိုး ဖြစ်ဖြစ်…

အကယ်လို့.. အဲဒီ အိမ်ရှင်မ က.. အရင်က ၀ါသနာ ပါ ခဲ့ တဲ့.. အိမ်တွင်းမူ အလုပ် တွေ ကို.. စိတ်မ၀င် စား တော့ ဘူး ဆိုရင် တောင်… ရသ စာအုပ် ကောင်းကောင်းလေး တအုပ် လောက် .. ဖတ် နေ ချင် စရာ ကောင်း အောင် လှပ သာယာ နေတဲ့..  ရာသီဥတု ကလေး ပါပေ။

တနွေရာသီ လုံး ကုန်းတွင်း ပိုင်း မှာ နေ ခဲ့တဲ့ .. ကြက်တူရွေး အဖြူကြီး တွေ.. ဆောင်းခို ဖို့ ပြန်ရောက် လာ ကြ သည်။ ယူကလစ် ပင် ထိပ်ဖျား ပေါ် မှာ..။ ဓါတ်ကြိုးတန်း တွေ ပေါ် မှာ.. ။ တ ကျစ်ကျစ် တွတ်တိုး ကြရင်း နဲ့..  နေစာ လှုံ နေ ကြ သည်။

မျက်ခင်း အစပ် မှာ တော့.. အဖြူ နဲ့ အနက်ကျား..သပိတ်လွယ် ငှက်ကလေး  နှစ်ကောင် မနက်စာ ရှာ ရင်း ကျိုးကျိုး ကျီကျီ ခုန်ပေါက် မြူးထူး နေ သည်။ တချက်တချက်  ..ခြံစည်းရုံး ပေါ်က..အ၀ါရောင်..နန်းလုံးကြိုင် ပန်း လေး တွေ တောင် ယိမ်းထိုး လှုပ်ခါ သွား သည်။  ခြံ ထောင့် က..ဒန်း ကလေး ရဲ့ ဘေး မှာ လည်း..နှင်းဆီရိုင်း တွေ..  ခဲခဲ လှုပ် လို့…။

အဲဒီ အရာ တွေ အားလုံး နဲ့.. နှီးနှော ဆက်သွယ် ခွင့် မရ ရှာ တဲ့.. တဲ့..ငှက်ပြာပြာလေး တကောင် ကတော့ … ယဉ်ပါးစ ပြုနေပြီ ဖြစ်တဲ့..သူ့ပတ်ဝန်းကျင် လေး ထဲမှာ.. တကောင်တည်း….အတောင် တွေ ကို.. ဆန့်ထုတ် ရင်း..သူ့ နှုတ်သီး လေး နဲ့.. သူ့ဖာ သာ ..ကိုယ်လက် သန့်စင် နေ လေ သည်။

ငှက်ပြာလေး ဆီ က..အတောင်သံ တဖျပ်ဖျပ် ကြောင့်.. မနက်ခင်း နေရောင် အောက်.. ၀ရန်တာ လက်တန်း ပေါ် မှာ.. ကျကျ နန..ဇိမ်ယူ နေ တဲ့.. ကြောင်ဝါ ကြီး ရဲ့  လည်ဆံ မွေး တွေ ပွ ထွက်လာပြီး..ခေါင်းထောင် ကြည့် လိုက် သည်။


နေရောင် ၀ါနုနု က ၀ရန်တာ နဲ့  ကပ်လျက်..ထမင်းစား ခန်း အစပ် က..စားပွဲ ပေါ် ကို အတန်း လိုက် ကလေး ဖြာကျ နေ သည်။  ဒီ စားပွဲ ပေါ် မှာ.. အရင် တုန်း က ပန်းထိုး ဇာ ပွင့် တွေ နဲ့  စားပွဲခင်း လှလှ ကြီး တခု ခင်းထား တတ် သော် လည်း.. အခု .. သစ်သား ရောင် ညိုညို အတိုင်း သာ ။ စားပွဲ ရဲ့  အစပ် မှာ.. အစားအသောက် တင် စရာ ယွန်း အ၀ိုင်း ပြားကလေး သုံးခု…အစီ အစဉ် မကျ ရှိနေ သည် ။  ပြီးတော့..အငွေ့ မထွက် တော့ တဲ့.. ကော်ဖီ နှစ်ခွက်…။  စားပွဲ အလယ်ခေါင် က .. သစ်သီး ကိတ် ထဲ့ ထား တဲ့ ယွန်း ပုဂံ…။ ။ အဖြူရောင် လီလီ ပန်း တွေ ..လှလှ ပပ ထိုးထားတဲ့..ဖန်ပန်းအိုး ရှည် တလုံး ….။
..
စားပွဲ နောက်က..နံရံ ပေါ် မှာ တော့ .. ကနုတ်ပန်း အပြည့် ဘောင် ခတ်ထားတဲ့ ခမ်းခမ်း နားနား ပန်းချီ ကား တချပ်…။
..
အဲဒီ ပန်းချီ ကား ထဲ မှာ လည်း .. စားပွဲ ရှည် တလုံး.. အစားအသောက် တချို့.. ။
ပြီးတော့ ..လူတစု.. ။


++++++++


 ++++++++


အခန်း(၁)- 
စာအုပ် တအုပ်



“ ငှက်ကြည့်တာ ကို..လူတွေ ဘာလို့  စိတ်ဝင်တစား လုပ်ကြ သလဲ ဆိုတာ… ဒီလူကြီး စာအုပ် ဖတ် မှ..နည်းနည်း ခံစား လို့ ရလာတယ်.. သိလား…”

အမျိုးသမီး က.. သူမ လက်ထဲက..စာအုပ် ထူထူ ကြီး ကို ရည်ညွှန်း ဟန် တူ သည်။

“ သိလား… ငှက်တွေ မိုင်ဂရန့်  လုပ်တာလေ.. အတော် အံ့သြ စရာ နော.. တောင် အမေ ရိက မှာ…တရာသီ လုံး ဆောင်းသွား ခို နေ တဲ့.. ငှက် တွေ ကလေ.. နွေရောက် ပြီ ဆိုတာ နဲ့…မက္ကဆီကို ပင်လယ်ကွေ့.. ပြီးတော့..တက်ကဆက် ကမ်းခြေ တွေကို.. တောက်လျှောက် ဖြတ် ပြီး..မနားတမ်း ပျံလာတာ.. အပလေချီယန် တောင်တန်း ကြီးတွေ ထိပဲ တဲ့…။ သူတို့ ကိုယ် ခန္ဓာ တွေ လဲ.. တ၀က် လောက် လျော့ကျ သွား တာပဲ တဲ့…
….
….အင်းနော် ..လမ်းမှာ .. ၀င်းဒ် တာဘိုင်ကြီး  တွေ .. တိုက်အမြင့်ကြီးတွေ…. ပါဝါ ကြိုး တွေ.. နဲ့ တိုက် မိ ပြီး…သေ ကြ မှာ လည်း အများကြီး…
…..
အိုး..ကြည့်စမ်း…သူတို့က.. မနှစ် က.. နေခဲ့တဲ့.. အပင်  အတိ အကျ ကို ရ အောင် ပြန်ရှာ ကြ တာ တဲ့… သူ ပြောချင် တာ ကတော့.. တနှစ်..တနှစ် ငှက်တွေ ပြန် လာ တိုင်း.. မြို့သစ် တွေ.. ဂေါက်ကွင်း တွေ.. ရေနံ တွင်းစင် တွေ.. ရှော့ပင်းစန်တာ  ကြီး တွေ နဲ့.. ဒပလော့မန့် တွေ..ချဲ့ထွင် လာ တော့ .. ငှက်ကလေး တွေ လည်း..အသိုက် ပျောက်… ကုန် တယ် ပေါ့ ကွာ….
…..
….
အင်း..ဒီလူ ကြီး က.. အန်ဗရို သမား ဆိုတော့.. ဒါတွေကို..ဇတ်လမ်း ထဲ မှာ.. မထူမပါး..ညှပ်ပြီး.. ရေး သွား တာ.. လှ လိုက်တာ …”
 …

“ နေပါအုံး..ဘယ်လို ဖြစ်ပြီး..ဒီလူကြီး ဖြစ်နေရ တာ တုန်း.. စာရေး ဆရာ က.. ဆိုလည်း..စာရေး ဆရာ ပေါ့..နာမည် ဆို လည်း နာမည် ပေါ့…. ဘယ်သူ ရေးတာလဲ.. ဘာစာအုပ် မို့ အဲလောက် အသည်းအသန် ဖတ် နေ တာလဲ…”

အမျိုးသား က.. ကြည့်လက်စ.. သတင်းစာ ကို ခဏ ပိတ် လိုက် ရင်း.. အားတတ်သရော ပြော နေတဲ့.. အမျိုးသမီး ရဲ့ စကား တွေ ကို..ပထမ ဆုံး အကြိမ် တုံ့  ပြန် လိုက်သည်။ အမျိုးသမီး အတွက် တော့.. ပြောချင်ရက် လက်တို့ ဖြစ်သွား ပုံ ရ သည်။ သူမရဲ့ ကပိုကယို ခေါက်တင် ထားတဲ့.. ဆံပင် တွေကို.. ဖြည်ချ လိုက်ရင်း.. ကုလားထိုင် နောက်ကို မှီလိုက်တော့.. သူမ ရဲ့ ကိုယ်လုံး သေးသေး လေး က.. ကုလားထိုင် ထဲ မှာ ပို မြုပ်ဝင်သွား သည်။

“ ၀တ္တု နာမည် က  .. Freedom  ..  ရေးတဲ့ သူ က Jonathan Franzen…  တကယ်လည်း အဲလူကြီး ကို စိတ်ဝင်စား လို့.. ဖတ်ဖြစ် တာလေ…တိုင်းမ်  မှာ ထူးထူး ခြားခြား မျက်နှာဖုံး ဆောင်းပါး ရေးခံ ထား ရ တော့…ဖတ်ချင် နေ တာ.. ပြီးတော့.. ဒီ စာအုပ် ကိုလည်း..တိုင်းမ် ကပဲ  ၂၀၁၀ အတွက် အကောင်းဆုံး ဆိုပြီး ရွေး တော့…..”

“ ဟမ်…ဒါဆို..အမေရိကန်.. အမျိုးသား စာပေ ဆု ကြီးပဲ ကွ.. ၀ါဒ ဖြန့် ကြီး နေမှာပေါ့..ခေါင်းစဉ် ကို က.. အမေရိကန် တွေ ကိုးကွယ်တဲ့ ဘာသာ တရား ကြီးပဲ…သူတို့ က..ဘယ်ဘုရား မှ ကိုးကွယ် တာ မဟုတ်ဘူး.. ဖရီးဒမ်း ကိုပဲ ကိုးကွယ်တာ…..ဘာလဲ သူတို့လို လွတ်လွတ်လပ်လပ် တွေး..လွတ်လွတ်လပ်လပ် နေ.. လွတ်လွတ်လပ်လပ် သုံး… လွတ်လွတ်လပ်လပ် ချစ် ဆိုတာ မျိုး တွေ  လား..
အေး.. မင်းလည်း.. တိုင်းမ် တွေ ဖတ်ဖတ်ပြီး.. အမေရိကန် မှိုင်း မိ နေ အုံးမယ် …”


“ ဟေး.. ကျမ က.. ဖော်ဝဒ် မေးလ် တွေ ဖတ်ပြီး .. ဟင်းသီး ဟင်းရွက် တွေ ကို မိုက်ကရိုဝေ့ဖ် နဲ့ မချက် နဲ့ …… အန္တရယ် ရှိ တယ် …….. ကင်ဆာ မဖြစ်အောင်.. တနေ့.. မုန်လာဥနီ တကီလို စားပါ  ဆို တာမျိုး တွေ နောက် ကို .. လိုက် လုပ်တဲ့ မိန်းမ ..မို့လို့ လား ကွ…”

မှိုင်းက..ဒီ့ထက် ဆိုးတာပေါ့ကွာ လို့.. အမျိုးသားက.. မခံချင်အောင်.. ပြုံးထေ့ထေ့ လုပ် တော့…အမျိုးသမီး ရဲ့  သဘာဝ မျက်နှာပြင် ပေါ်က.. အရောင် မပါ တဲ့.. မျက်စောင်း ငယ် နဲ့.. အပြုံးလဲ့လဲ့ က .. မနက်ခင်း နေရောင် အောက်မှာ.. အနွေးဓါတ် တခု ထပ်ဆင့် သွား သည်။


….
…..
……

“ မဟုတ်ပါဘူး …စာအုပ်က တော်တော် ကောင်း ပါ တယ်..
တခုပဲ.. ဘာလို့.. အဲဒီလောက် ရှည်လျား ထူထဲ နေ အောင်..အသေးစိတ် ရေး နိုင်လွန်း သလဲ မသိဘူး… ရှည်လွန်းလို့  တချို့ က… ၂၁ ရာစု စစ် နဲ့ ငြိမ်းချမ်းရေး  လို့ တောင်.. တင်စား ကြ တယ် ….တူတော့ တူတယ်.. ခေတ်တခေတ် နဲ့  လူတန်းစား တချို့ ကို နောက်ခံ ထားပြီး.. ဇတ်ကောင် တွေ အများကြီး.. ဇတ်လမ်း တွေ လည်း မျိုးစုံ နေတာပဲ …ရီဗျူး  တခု က ဆိုရင် အသံ တွေ ရော..အနံ့တွေရော  ပါနေတဲ့.. ရီရဲလစ်ဇင် တပုဒ် လို့ တောင် ရေးထားတယ်… ”

အမျိုးသမီးက.. ကော်ဖီ ခွက်ကို လှမ်းယူပြီး.. သောက်မလို.. ပါးစပ်နား ကပ်ပြီးခါမှ.. ဘာမှ မကျန်တော့ ဟန် တူသည့် ကော်ဖီ ခွက်ကို ပြန် ချ လိုက် သည်။


“ အင်းပေါ့…ဟိုးတုန်းက တော့.. စစ် နဲ့ ငြိမ်းချမ်းရေး  လို စာအုပ်မျိုး တွေ ကို.. အရသာခံ ဖတ် ဖို့.. လူတွေ မှာ အချိန် တွေ အများကြီး ပို ခဲ့ တာ ကိုး..။ ခု ကျ တော့…. အချိန် က လို သွား ပြီ ကွ.. အချိန်က.. တန်ဖိုး မြင့် လာပြီ.. ”
……

“ ဘာပဲ ဖြစ်ဖြစ် .. ဒီလူကြီးက..ဒီ စာအုပ် ကို … ကိုး  နှစ်တောင် အချိန်ယူ ရေး ခဲ့ တာ ဆိုတော့လည်း…ကိုယ်က  ကိုး ရက်လောက်တော့.. အချိန်ပေး ဖတ်သင့် တာပေါ့.. မဟုတ်ဘူးလား.. ”

အမျိုးသား ရဲ့  မျက်နှာ မှာ..မဲ့ပြုံး တခု တွဲလွဲ ခို သွား သည်။ သစ်သီး ကိတ် တဖဲ့ ထဲက.. သစ်သီး တစ နှစ်စ ထုတ်ယူ လိုက် ပြီး.. စားပွဲရဲ့  တဖက်ခြမ်း ၀ရံတာ က..ငှက်ပြာလေး ဆီ.. ထ သွား သည်။ သစ်သီး စ လေး တွေ ..တခု ပြီး တခု..ဆတ်ကနဲ..ဆတ် ကနဲ နေအောင်.. ဆွဲယူ စားပြစ် နေတဲ့.. ငှက်ပြာလေး ကို ကြည့် ပြီး.. အမျိုးသား ရဲ့ မျက်နှာ ပေါ် မှာ.. ကြည်ကြည် လင်လင် အပြုံး…  လွမ်းဆွတ် ရီဝေ နေတဲ့.. မျက်လုံး တစုံ.. ရက်စက် တော့မလို.. အားတင်း လိုက် တဲ့ အသက်ရှူ သံ တွေ.. တခု ပြီး တခု ..အဆက်အစပ် မဲ့ စွာ ပြေးလွှား ရောယှက် နေ သည်။ ကျောခိုင်း ထား တဲ့ အနောက် ဖက် မှာ တော့..အမျိုးသမီး က… စာအုပ်ထူ ကြီး ရဲ့.. နောက်ထပ် စာမျက် နှာ တခု  ကို  လှန် လိုက် ပြန် သည်။

“ ဒီလူကြီး ကလည်း ရှင့် လို.. တယောက် တည်း.. ငှက်ရဲ့ အသက်ရှု သံ နဲ့..တရား မှတ် တဲ့ လူ မျိုးပါပဲ.. ဒါပေမဲ့..သူကတော့ ငှက်တွေ ရဲ့ လွတ်လပ် မူ ကို ကြည့် ပြီး..မှတ်တာ…  ပြီးတော့.. ငှက်တွေ အတွက်.. လုံးဝ နှစ်မြုတ် လုပ်ခဲ့တာ…”
….
…. 
….
စားပွဲ ဆီ ပြန်လာ ထိုင် တဲ့.. အမျိုးသား ရဲ့ မျက်နှာ မှာ ..မုတ်ဆိတ် ကျင်ဆွယ် ထိုးထိုးထောင် ထောင် က လွဲ လို့.. ခုတော့ လည်း ..ဘာခံစား မူ မှ.. ရှိမနေ တော့ သလို…။ သူ့ သတင်း စာ ကို ပြန်ဖြန့် လိုက် ရင်း…

“ ကဲ ..ပြောပါအုံး..မင်း ရဲ့.. အဲဒီ လူကြီး က.. ငှက်တွေ နဲ့ ပတ်သတ် ပြီး.. ဘာတွေ ဘယ်လို ရေးသား ခြယ်မှုန်း ထား သလဲ..  ငါကတော့.. ငါ့ ငှက်ကလေးကို..ငါ့ ရဲ့ အတ္တ အတွက် ထားထား တာပဲ.. တခြား ဘာမှ စိတ်မ၀င်စားဘူး.. ကမ္ဘာမြေကြီးကို ကယ်တင် ဖို့.. ပိုက်ဆံ ပေါ တဲ့ ကောင်တွေ.. ပညာ တတ်ကြီးတွေ..  ပရောဂျက် ရတဲ့ ကောင်တွေ လုပ်ကြပေါ့.. ဟတ်လား..ဟ
…..
….
နေပါအုံး ကွ… အမေရိကန် အမျိုးသား စာပေ ဆု ရှင် ရဲ့.. သရုပ်မှန် လက်ရာ ဆို တော့ ကာ.. အလွန်ဆုံး မှန် နိုင် ရင်..  လစ်ဘရယ်လစ်ဇင် လောက် ပဲ ဖြစ်မှာ ပေါ့…..  အေး..ဒါပေမဲ့.. စာရေးဆရာက.. သူပြောချင် တဲ့ စကား တွေ သူ့ အယူအဆ တွေကို..ဇတ်ကောင် တွေ ကို ပေးပြောခိုင်း နေရင်တော့.. အဲဒါ.. ရီရဲလ်လစ်စ် ဟုတ်ပါ့ မလားကွ… ”

အမျိုးသမီး က .. အမျိုးသား ကို  မော့ကြည့် လိုက် သည်။ မီးခိုးရောင် သမ်းစ ပြု နေတဲ့..ဘိုသီ ပတ်သီ ဆံပင် တွေ အောက်  .. အမဲ ရောင်  ဘောင်ကွပ် ထားတဲ့.. မှန် သား နောက်က.. မျက်လုံး တောက်တောက် တစုံ ဆီ ကို အသေအချာ စိုက် ကြည့် ပြီးမှ..

“ အင်း..…တကယ်တော့..  Cerulean Warbler ဆိုတဲ့.. အမေရိက မျိုးရင်း ငှက် တမျိုး ကို.. ကာကွယ် ဖို့ လို့ ..အကြောင်းပြ ထားတဲ့ .. အိမ်ဖြူတော် နဲ့ နီးစပ် တဲ့.. ရီပတ်ဘလစ်ကန် နိုင်ငံရေး သမား သူဌေးကြီး တယောက် ရဲ့..  လုပ်ငန်း တခု ပါပဲ..  ဟုတ်တယ်.. ရှင်ပြောတာ..ဟုတ်ပါတယ်..  Cerulean Mountain Trust  ဆိုတာ ထောင်ပြီး..အဲဒီ သူဌေးကြီး ရဲ့ ငွေတွေ နဲ့…. သူ တို့ တွေက.. သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး တွေ လုပ်ကြ တာ ပေါ့ .. ဒေသခံ တွေ ကို.. နားလှည့် ပါးလှည့် လုပ် ရ တာ တွေ လည်း ပါတာပေါ့..
….
ဒါပေမဲ့လည်း…ဒါကလဲ ..ဘယ်သူ့ အတွက် မှ..အကျိုး မယုတ်ပါဘူးလေ.. ငှက်ကလေး တွေ အတွက်လည်း အနာဂါတ် ကောင်းမယ်.. အန်ဗရို သမား တွေ လည်း.. လုပ်ကွင်း လုပ်ကွက် ရ တယ်.. ……”

“ အင်း.. သူဌေးကြီးလည်း ပါဝါ တွေ မြင့်တက် လာတယ်ပေါ့… ဟတ်လား.. အရင်းရှင် စနစ် တွေ ဟာ..အဲဒီလို စားနေကျ ကြောင်ပါး ကြီးတွေ .. ကြောင်ဝ ကြီးတွေ အပေါ်မှာ..မှီတည် နေ ရ တယ် ဆိုတာ.. ခုလို ဒီပရက်ရှင်း ဖြစ် တဲ့ အချိန် မှာ ပို သိသာတာပဲ..  ပျက်ကပ် ဖြစ်လို့.. ဘဏ်တွေ အရှုံးပေါ် ရင် စီအီးအို တွေ ဒါရိုက်တာ တွေ…တယောက်မှ.. အိပ်ရေးမပျက်ဘူး… အိမ်ပေါင် ..ငွေချေး ဘ၀ နဲ့ တသက်လုံး…၀လချီး လည် နေတဲ့…သာမန် ပြည်သူတွေပဲ..ဘ၀ပျက်တာ ပဲ ..မဟုတ်လား…
…..
အေး….တခုတော့..အကောင်းမြင် လို့ ရတာပေါ့ ကွာ..  လခ ထုတ် မှ.. ကုန်စုံဆိုင် ကုလား ဆီ မှာ.. ယူထားတဲ့ အကြွေး တွေ မျက်နှာငယ် လေး နဲ့ သွားမစပ်ရ ဘူးပေါ့… တရုတ် အပေါင်ဆိုင် သွားပြီး ..  နည်းနည်းလောက် ပို ချေး ပါ အုံး.. ပေါက်ဖော် ရယ် လို့.. မျက်နှာ အောက်ချ မပြော ရ ဘူး ပေါ့… စမတ်ကျကျ နဲ့ ကို အကြွေးများ လို့ ရ တဲ့ စနစ် ကြီး ပေါ့ ဟတ်လား… Money make the world round ပဲ… သေချာတယ်..ကမ္ဘာကြီး လုံး နေတာ.. အရင်း ရယ်..အတိုးရယ်.. အကြွေးရယ် ကြောင့်ပဲ.. ဟဟ”

အမျိုးသား က.. သူ့  စကားကို သူ ဖာသာ သဘောကျ သွားပုံ ရ သည်။  အနွေးထည် အိတ် ထဲ..လက်နှိုက် လိုက် ရင်း.. သူ့ ကိုယ်လုံး ရှည်ရှည် ကြီး ကို ကုလားထိုင် နောက်ကျော ပေါ် ..မှီချ လိုက် သည်။

“ ဟုတ်ပါပြီ ရှင်… ကျမ တို့.. ဟောဒီ နေရာ မှာ.. အေးအေးချမ်းချမ်း..စကားတွေ ထိုင်ပြော နေ.. နိင် တဲ့.. Mortgage  လေး ကိုပဲ.. ညတိုင်း ဦးချ အိပ်နေရ တာ.. ကုသိုလ် တောင် ရပါသေး တယ်… ဒါမှ မဟုတ် လည်း.. ရွှေဈေးက .. ခြောက်ထောင်ထိ တက်မှာ လား လို့.. မစားရ ၀ခမန်း စိတ်ကူး ယဉ် စရာ မလို တဲ့ တောကြို အုံကြား တခုခု ရှာ ပြီး  ပြောင်း နေ ကြမယ်လေ… ”

“ မရွဲ့ နဲ့ လေ ကွာ… ငါလည်း စဉ်းစား ကြည့်တာ ပါ..အရင်းရှင် ဒီမိုကရေစီ ဆို တဲ့ အတွဲက..သိပ်တော့ နေရာ မကျ ဘူး ကွ… အေးလေ.. လောကကြီး မှာ..ဘာမှ – မှ  အလကား မရ တာ…. ဆိုပါတော့ ကွာ….ဒီမိုကရေစီ တယူနစ် က..တကျပ် တန် တယ် ဆိုရင်.. ငါတို့  ရ နိုင်တဲ့..ဒီမိုကရေစီ် နဲ့ .. အဲဒီ သူဌေးကြီး တွေ သုံးနိုင်တဲ့..ဒီမိုကရေစီ ဆိုတာ.. မိုး နဲ့ မြေပဲ ပဲ မဟုတ်လား..… 
….
ခုဆို..ကြည့်… ပြည်သူ့ ကျန်းမာရေး အသံ နဲ့ တက်လာတဲ့.. အိုဘားမား လဲ.. သက်တမ်းသာ ပြည့် တော့မယ်.. Insurance fat cat တွေ နဲ့  နိုင်အောင် ပြိုင် မကိုက် နိုင် ဘူး မဟုတ်လား… ဒါပေမဲ့.. နိုဘဲလ် ငြိမ်းချမ်းရေး ဆု ရ ထား လို့ လား တော့ မသိဘူး.. စစ်တိုက်ဖို့  နဲ့ သေနတ်ပြစ် ဖို့ တော့..မြန်သား ပဲ.. ဟတ်လား ဟဟ …”

“  ရှင် မပူ နဲ့.. အမေရိက မှာ.. ခုလာမဲ့ သက်တမ်း မှာ.. ဒေါ်နယ်ထရန့် သာ..သမ္မတ ဖြစ် လို့ ကတော့.. ကျမ.. တိုင်းမ် လည်း မဖတ် တော့ဘူး.. စီအန်အန် လည်း မကြည့် တော့ဘူး.. စိတ်ချ..  ”

အမျိုးသမီး က  ပြောပြောဆိုဆို.. စာအုပ် ကို ပိတ်လိုက် ပြီး.. ခုံ က ထ လိုက်သည်။ မနက်ခင်း ကော်ဖီ ၀ိုင်း  ကို သိမ်း သင့်ပြီ လို့  ဆုံးဖြတ် လိုက် ပုံ ရ သည် ။ စားပွဲ ပေါ် က…ကော်ဖီ နှစ်ခွက် ကို ထပ်လိုက် သည်။  နေရောင် ပို တောက် လာတဲ့ ၀ရန်တာ လက်ရန်း ပေါ်က.. ကြောင်ဝါ ကြီး က ..သူ့ သခင်မ.. ဆီက..ခွက်သံ ပုဂံသံ ကြား တော့… ခုန်ဆင်း လာပြီး.. ခြေထောက် ကြား မှာ တိုးဝှေ့ နေ သည်။

“   ပူစီ ကြီး.. သားကြီး……ဆာပြီလား..

….
နေပါအုံး.. fat cat  ဆိုတဲ့.. အခေါ် က.. တဆိတ်.. ကြောင် တွေ ကို.. နစ်နာ တယ် … ….သူဌေး တယောက် လောက် .. Trust fund  ရရင်.. ကိုယ်လည်း Cat Right activist လုပ် အုံးမယ်.. နော်..ပူစီ..သားကြီး  ”

အမျိုးသမီး ရဲ့  ချော့မြူသံ ကြောင့်.. ကြောင်ဝါကြီး က..သူ့ရဲ့ အမြီး ကို.. အမြင့်ဆုံး ဖြစ်အောင် ထောင်လိုက် ရင်း… အချွဲပြစ် ဆုံး ညောင်သံ ပေး တော့ သည်..။

ငှက်ပြာလေး က အတောင် တဖျပ်ဖျပ် ထ ခတ် တော့..အမျိုးသားက.. ငှက်လှောင် အိမ် ဆီ လှမ်းကြည့် သည်။ သံတိုင် ချောင်း လေး တွေ ကြားထဲကနေ.. အပြင်ဖက် ကို ထိုးထွက် လာတဲ့.. အတောင်ပြာပြာ လေး တွေ ကို ငေး စိုက် ကြည့် နေ ရင်း ပြုံး လိုက် သလို..  ပြီးတော့ မဲ့ သွား ပြန် သလို…။

သူ့ မျက်လုံး တွေကို  ခပ်ဝါးဝါး ဖုံးကွယ် ထား တဲ့.. မှန်သားထု က .. စားပွဲ ပေါ်က..  ၀တ္တု စာအုပ် ကြီး နီးပါး ထူထဲ လှ သလို … သူ့ မျက်နှာ ပေါ်က.. အရိပ် တွေ သည် လည်း   နံရံ ပေါ်က.. ပန်းချီ ကား ကြီး ထဲက ပုံရိပ် တွေ လိုပင်.. လျှို့ဝှက် နက်နဲ သည့် ပုံ ပေါ်နေ လေ သည်။

++++++

(ဆက်ရန်)

May 11, 2011

>လူ

Filed under: Aung San Suu Kyi,bits of thought,Celebes,People — kaythwe @ 7:04 am

>

@font-face { font-family: “MS 明朝”;}@font-face { font-family: “MS 明朝”;}@font-face { font-family: “Cambria”;}@font-face { font-family: “Zawgyi-One”;}p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0cm 0cm 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; }
မေလ ထုတ် Time မှာ ၂၀၁၁ ခု နှစ် အတွက် ကမ္ဘာ ကို အလွှမ်းမိုး ဆုံး လူ တရာ စာရင်း ကို ဖတ် လိုက်… ကြည့် လိုက် ရ သည်။
ဒီလို.. ထုတ်နုတ် ရွေးချယ် တာ မျိုး ကို..ထင်ရှား တဲ့ မဂ္ဂဇင်း တွေ ..မီဒီယာ တွေ က နေ ပြီး.. တနှစ်တခါ ဆို သလို.. အမြဲ ထုတ်ပြန် လေ့ ရှိတာ ပဲလေ…။  အချမ်းသာဆုံး လူ များ… အဆိုးဆုံး အာဏာရှင်များ.. စသဖြင့်…သူ့ ဆိုင်ရာ..ဆိုင်ရာ နယ်ပယ် အလိုက် ပေါ့..။ အခု လည်း.. Time  လို မဂ္ဂဇင်းမျိုး က.. ဘယ်လို အချက်အလက် စစ်တမ်း တွေ ကို အသုံးပြု ကြည့် ရှု တွက်ချက် လေ သလည်း တော့ မသိ ပေ..။ ကမ္ဘာကို အလွှမ်းမိုး ဆုံး လူ ၁၀၀ တဲ့။
လွှမ်းမိုး နိုင်မူ အနည်း အများ လိုက် စီ လေ သလား.. အဆင်သင့် သလို စီ လေ သလား တော့ မသိ…အီဂျစ် အာဏာရှင် တော်လှန်ရေး မှာ.. လူသိများ နာမယ် ကြီး ခဲ့ တဲ့.. ဂူးဂဲလ် က ဆရာလေး Wael Ghonim က.. ရှေ့ဆုံး မှာ.. စာဖောင် အပြည့်.. ဂိုက်ပေး လို့..။
Wael Ghonim
သူ့ လို ပဲ.. ကိုယ်တို့ ရွှေပြည် ကြီးက.. ဘလော့ဂါ နေဘုန်းလတ် လည်း.. မနှစ်က ပါခဲ့ သေး သည် မဟုတ် လား ။ အခုနှစ် ပါတဲ့ ဒေါ်အောင်ဆန်းစုကြည် က တော့..၁၈ ယောက်မြောက် နေ ရာ မှာ..။
ဒေါ်အောင်ဆန်းစုကြည်
အရွေးခံ ရ တဲ့ သူ တွေလိုပဲ.. သူတို့ အကြောင်း ကို ရေးပေး တဲ့.. ပုဂ္ဂိုလ် တွေ ကလည်း.. စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ ဥပမာ.. အိန္ဒိယ က.. ပညာရေး လုပ်ငန်း ရှေ့ဆောင် ပရဟိတ သမား ကြီး Azim Premji အကြောင်း ရေးပေး တဲ့ သူက.. Bill Gates .. အဲဒီလို မျိုး။  ဒေါ်အောင်ဆန်းစုကြည် ကို ရေးပေးတဲ့..တရုတ် ဒီမိုကရေစီ ရေး လှုပ်ရှားသူ Wang Dan  ဆိုသူ က တော့.. သိပ် စိတ်ဝင်စား ဖို့ မကောင်း လှ သလို.. ရေးထားတဲ့.. စာ တိုတို လေး ကလည်း ရင်ခုန်သံ သိပ်မပါ  ။
အနုပညာ သမား တွေ.. စာရေးဆရာ တွေ.. မင်းသား မင်းသမီး တွေ ..ပညာရှင် တွေ.. နိုင်ငံရေး ခေါင်းဆောင်တွေ.. အာဏာရှင် လူဆိုးတွေ.. လူမူရေး ကြယ်တံခွန် တွေ.. အစုံ အစုံ ထဲ မှာ.. တော်တော် များများ ကတော့.. လူတိုင်း လို သိ နေ ပြီးသား  သူ တွေ ပါပဲ…။ ကမ္ဘာကို အုပ်စိုး နေ တဲ့.. အိုဘားမား တို့.. ဟီလာရီ တို့.. ဆာကိုဇီ တို့.. ဒေးဗစ် ကမ်မရွန် တို့.. ဂျာမန်မကြီး အန်ဂလာ မာကဲလ် တို့ ကတော့.. မဆန်း ဘူး ပေါ့ ။
နောက်ပြီး.. နတ်ဘုရားမ လိုလို .. သူ့ကို မြင်ရင်.. အထူးသဖြင့် မိန်းမ တွေ အသဲတုန် အူတုန် ဖြစ်ကြတဲ့.. အင်တာဗျူး ဘုရင်မ ကြီး အိုပရာ ၀င်းဖရေး  လည်း.. မပါ မနေ ။ မိန်းမ တွေ.. တုန် မှာ ပေါ့.. ရှိုး တပွဲ တပွဲ မှာ.. ကြော်ငြာ စပွန်ဆာ တွေက.. တဆင့် ..အလကား ပေး တဲ့..လက်ဆောင် ပစ္စည်း တွေ ကလည်း.. တုန် ချင် စရာ ကိုး။ တယောက် ကားတစီး ဆီ တို့.. ခရီးသွား လက်မှတ် အပြည့်အစုံ ဆိုတာ မျိုး တွေ လေ…။  အိုပရာ ကို သဘောကျ သလို..သူ့ ရှိုး . အစီအစဉ် ရည်ရွယ်ချက် ထိမိချက် ကလေး တွေ ကို.. နှစ်သက် ပါတယ်။ ဒါပေမဲ့.. လူတွေ က.. နည်းနည်း တော့.. လွန် နေ..လွဲနေ ကြ သလို..။ ကြည့်အုံးလေ.. တလောက.. ဗြိတိသျှ တော်ဝင် ချွေးမ တယောက် ဖြစ်တဲ့.. ဆာရာ ဖာဂူဆန် အရက်မူး ပြီး ကို့ယို့ ကားယား တွေ ဖြစ်တော့.. သက်ဆိုင်တဲ့.. သူတွေ.. မိသားစု တွေ ထက်.. တကမ္ဘာလုံး မြင် နိုင်တဲ့.. အိုပရာ ဆီ မှာ လာပြီး ၀န်ခံ ဖြောင့်ချက် ပေး ရှာ တယ်။ လူတွေ က..သူ့ ရှေ့ ရောက် ရင်.. အပြစ် တွေ ၀န်ခံ ကြတယ် ဆိုပဲ…။ အဲဒါကြောင့် ပြောပါတယ်.. ။ ဘုရား တော့ ဘုရားပဲ.. ဘာ ဘုရားလဲ တော့ မသိ။
နည်းနည်း ဆန်း တာ က.. တလောက.. Tiger Mom ဆိုပြီး.. အသကုန် စွတ်ပြီး နာမယ် ကြီး သွားတဲ့..ဟားဗတ်ဒ် ဥပဒေ ကျောင်း က.. အေဘီစီ တရုတ် ပရော်ဖက်ဆာ မ.. အေမီ ချွား လည်း ပါနေ ပါပေါ့..။ ဒေါ်စု ထက်တောင် ရှေ့ဖက် ကျ သေးတယ်..သူ့ နေရာ က..။ အမယ်.. သူ ကလည်း.. ကျားကြီး  ၂ ကောင် နဲ့.. ကော်လံ အပြည့် ပုံစံ ပေး ဂိုက် အပြည့် နဲ့ ပါလား..။ နာမည် များ ကြီးချင် တော့ လည်း.. ကိုယ့်သမီး ကိုယ် နှိပ်စက် ဆုံးမ တာလည်း ကြီးတာ  ပါပဲ လား။
Amy Chua ဓါတ်ပုံ အရိုက်ခံ နေပုံ
ဖေ့စ်ဘွတ်ခ် ဥသျှောင်ကြီး ဇူခမ်ဘက်ခ်  တို့… ရာဇ၀တ် အိုး ထုတ် နဲ့ လိုက်ထိုး နေတဲ့.. သတင်း ဖောက်ထွင်း ၀ိဇ္ဇာ.. ဂျုလီယန် အာဆန်းခ်ျ တို့  လည်း.. ဒီ လို ဆက်သွယ်ရေး နည်းပညာ စူပါ ဟိုင်းဝေး ကြီး မှာ.. ရုပ်ထု ထု ထား ခဲ့ ရ မည့် အာဇာနည် ကြီး များ  ပေ ပဲ။
ဂျပ်စတင် ဘိုင်ဘာ ဆိုတဲ့.. မင်စာ လေး ကလည်း..ကမ္ဘာကို လွှမ်းမိုး သည် ဆိုပါလား။
အနုပညာ ကို မျက်နှာ လိုက် တာ တော့ မဟုတ်ပါဘူး…the King’s  speech နဲ့  တအား လူကြိုက်များ သွားတဲ့… Colin Firth  ကြီး ကမ္ဘာ ကို လွှမ်းမိုး သွား တာတော့.. သေချာ သိ လိုက် သည်။ ပြောသာ ပြောသည်.. နှစ်ခါ ပြန် ကြည့်တာ တောင် မရိုး တဲ့.. အဲဒီ ရုပ်ရှင် ထဲ မှာ.. Firth ထက်..  သူ့ကို ကုသ နည်းပြ ပေးတဲ့.. Rush က ပိုလို့ တောင်.. လွှမ်းမိုး ချင်စရာ ကောင်း သေးသည်။ Speech Therapist-  Lionel မရှိရင်  King George VI  မိန့်ခွန်း ပြောနိုင်မှာ မဟုတ် သလို..  Rush  ကြီး မပါ ခဲ့ ရင်.. Colin Firth  ကြီး လည်း.. ကမ္ဘာကို လွှမ်းမိုး နိုင်မည် မထင် ပေ…။ ဘာပဲ ပြောပြော.. ကော်လင်းဖါ့သ် ကို ကြိုက် တယ် ကွာ…. ကဲ…
Colin Firth
ဒါဆို အသက်ချင်း သိပ်မကွာ လှ တဲ့.. အနုပညာ သမား အိုင်ဝေေ၀ ကို လည်း ကြိုက်ရ ပေ တော့မည်။ ကြိုက်ပါသည်။ နန်းစဉ် တရုတ် သိုင်းကား တွေ ထဲက.. လူယုတ်မာ ၀န်ကြီး ၀န်ကလေး တွေ ရဲ့ အကျင့်ပျက် ခြ စား မူ တွေ ကို.. ဖော်ထုတ် တဲ့.. လူစွမ်းကောင်း မင်းသား လို.. ကောင်းကင် ပေါ် မှာ သိုင်းပျံ တွေ ကစား မပြ ပေ မဲ့… လူထူထူ မြေပြင် ပေါ် မှာ..သူ့ ရဲ့.. နက်နဲ လှတဲ့.. အနုပညာ စိတ်ကူး တွေ ကို.. ရဲရဲ ရင့်ရင့် သရုပ်ဖော် ပြသ နေ တဲ့.. တရုတ် နိုင်ငံ ရဲ့ ယုံကြည်ချက် အနုပညာသမား ကြီး အိုင်ဝေေ၀ ကို လည်း ကြိုက်နှစ် သက် လှ ပါသည်။ 
Ai Wei Wei
စိတ် အ၀င်စား ဆုံး ကတော့.. လတ်တလော ဖတ်ပြီး သွားတဲ့.. Freedom ရဲ့.. လက်ရာ ရှင်.. ဂျိုနသန် ဖရန်ဇန် ဖြစ်နေ လေ သည်။ တယောက်ချင်း လျှောက်ကြည့် ရင်း.. အလယ် ကျော်ကျော် နား အရောက်မှာ..သူ့ကို တွေ့လိုက်ရ တော့..ဆွေမျိုးသားချင်း အိမ်သား တယောက်ကို တွေ့လိုက် ရ သလို ပျော်သွား သည်။ 
Johnathan Franzen
သူ့ အကြောင်း ရေး ပေး တဲ့သူ ကလည်း စာရေး ဆရာ တယောက် ပေပဲ မို့..  လှလှပပ ပိုပိုကဲကဲ ကို ရေးပြီး ဂုဏ် ပြု ထားလေ သည်။
His influence isn’t like that of a political leader or a top chef or even a gifted journalist. It’s more like the influence of natural disaster or a plane crash or a virus for which scientist can’t find a cure.
ဟုတ်ရဲ့ လား..။ သဘာဝ ကပ်ဘေး တခု လို.. လေယဉ်ကြီး တစင်း ပျက်ကျ သွားသလို.. ကုသလို့ မရ တဲ့.. ရောဂါပိုး တခု လို.. လူတွေကို  တုန်ယင် ခြောက်ခြား နေစေ အောင်..သူ့စာ တွေက..  လျှို့ဝှက် ဆန်းကြယ် သိပ္ဗံ ဖြစ်ရပ်ဆန်း တွေ မို့ လား…။  ကိုယ် ဖတ် လိုက် မိ တာတော့.. ဘယ်လို မှ ဖြေရှင်းလို့ မရ ..အဖြေရှာ လို့ မတွေ့ တဲ့.. လူတွေ ရဲ့ ..လူသားဆန်မူ ဝေဒနာ တွေ အကြောင်းသာ။
လူ အယောက် ၁၀၀ ကို မျက်စိ ညောင်းညောင်း နဲ့ ရေတွက် လှန်လျှော ပြီး သွားတဲ့ အခါ မတော့…မဂ္ဂဇင်း နောက်ဆုံး စာမျက်နှာ က.. Joel Stein ရဲ့  Down with People ဆိုတဲ့ သရော်စာ လေး ကို ဖတ် ရင်း…ရယ်မြူး လိုက်မိ သည်။
Time is totally obsessed with people တဲ့။
ဟုတ်ပါ့…
တနေ့ တနေ့.. လူတွေ ပဲ မြင်နေရ.. လူတွေ အကြောင်းပဲ ကြားနေရ..လူတွေကိုပဲ စိတ်ဝင်စား နေရ.. လူတွေ လွှမ်းမိုးတာပဲ ခံ နေရ.. လူ တွေ ရေးတာတွေပဲ ဖတ်နေရ.. လူတွေ လိုပဲ နေနေ ရ…။
 
 source:  The 2011 Time 100

May 10, 2011

>ဦးဘဂျမ်း ရဲ့ ဝေဖန်နည်း

Filed under: cartoons — kaythwe @ 7:02 am

>


May 4, 2011

>Universal Mass Distraction

Filed under: Books,friends,poems — kaythwe @ 6:47 am

>@font-face { font-family: “MS 明朝”;}@font-face { font-family: “MS 明朝”;}@font-face { font-family: “Cambria”;}p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0cm 0cm 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; }

Dear Aunty,

I like your latest one  “Famous Writer Flam”.  What a amusing and surreal to me !
And what a coincidence again!  I found dark-skinned (smart) gal in more than one place these days.  Here again in your story. Another dark-skinned gal is one of the important character of “Freedom” , the fiction recently I finished.

I think your sub conscious was dominated by one of the CNN crew, the dark skinned gal, I think her name is Isha   who sometimes co-presenter in Anderson Cooper 360.

I like your writing style — specifically,  the way you touched current affairs and news. You lightly stuffed inside your duck (your stories), with right amounts of spices and mints. Perfectly tasteful.

But I don’t get what you meant Flam. May be we don’t need to understand it. 🙂



.

Well… this is my turn Aunty.
After I wasted enough time to read two and a half inches – thick ” Freedom( Jonathon Franzen) ” , some verses come across to my mind .  Then I simply pen out … Oh.. No… I strike my keyboard. 


Universal Mass Distraction

 
Love is passive

Lust is active

Desire is massive

But neither of them is lasting.

 

Sinners are all among

Dark sides are everywhere around.

Blame games are even tougher along.

But Lovers are ready to go wrong.

You know what!
That’s a story of one 
upper middle-class  American family , tangled of middle-aged couple  , their  loves, their teenage kids…and all of their hinder sides in a very large background of colors and complexity.  It was picked up as the best fiction of 2010 , and even applauded by Times magazine as cover story for it’s author, Franzen.



It’s such a really descriptive and compelling story. I can’t stop to keep thinking about them— the lovers and the era.  What’s more is your story,  “the lover” also make me to caught up in a sense of something. 

I can’t help to stop, not bringing anymore to my Word screen. I started writing  my own short story, inspiring them.
 I just can’t help !
P.S. Finalizing my story.  Translation of “ the lover” also going to be finished soon.
With Regards,
Kay

 

May 3, 2011

>ကိုကြီးကျောက် ဖတ်ဖို့ ဆိုတဲ့ စာ..

Filed under: friends — kaythwe @ 3:49 am

>

 ဘာရယ် မဟုတ်.. ကိုကြီးကျောက်  ကင်ဆာ ဆိုတာ..သိသိရ ခြင်း.. အားပေး ပြီး ရေးလိုက်တဲ့ စာကလေးပါ။
အီးမေးလ် ထဲ မှာ..အခု မှ ပြန်ရှာ ရင်း ထွက်လာ လို့.. အမှတ်တရ.. ဘလော့ မှာ တင်ထား ပါရစေ..
ကိုကြီး ကျောက်

ပျော်တတ်တဲ့ သူကို အပျော် နဲ့ပဲ.. ပြောချင်တယ်..အကိုကြီး ရေ…
ခုပဲ…မငယ်နိုင် ဘလော့ ဂ် က..၀ိပသာနာ အကြောင်းလေး လည်း ဖတ်ရတယ်။ ကိုယ်တိုင်တောင်..စိတ်အတော်ငြိမ်းချမ်းသွားတယ်။ တလောကလည်း.. ဂျာနယ်ကျော် ဦးမိုးဟိန်း ရဲ့ ကင်ဆာကို.. ၀ိပသာနာ နဲ့ ရင်ဆိုင်သွားတာ..အားလုံး.. စိတ်ငြိမ်သက်စရာ ဖတ်လိုက် ရ တယ် ။

တကယ်တော့.. ပြောကြ ကြေး ဆို… လူတိုင်း လူတိုင်း.. အနှေး နဲ့ အမြန် အိပ်ပျော် ကြ ရမဲ့.. ခရီး တခု မှာ.. ဘယ်အချိန် အိပ်ပျော်မှန်း မသိရပဲ.. ၀ုန်း ဒိုင်း ဖြစ်သွား တာထက်.. ကုသိုလ်ကောင်းမူ နဲ့.. စိတ်တည်ဆောက် ဖို့.. အချိန်တွေ အများကြီး ရ တဲ့.. အတွက်.. တခု ၀မ်းသာ စရာပါပဲ။

နောက်ပြီး.. ဘ၀ မှာ.. အရှုပ်တွေ အထုပ် အထည် နဲ့.. နောက်ဆံငင်စရာ မလို တဲ့..လွတ်လပ် တဲ့ ဘ၀ တခု အတွက် လည်း.. တချက်.. စိတ်အေး စရာ ပါပဲ။

တကယ်တော့လည်း..  ၄ လ ၅ လ ၆ လ ဆိုတာ တွေ ကလည်း.. ပြောနကြ ကြားနေကြ စကား ကြီးတွေ ပါပဲ။ တလောက.. အင်္ဂလန်က..အသက်ရှင်ဖို့ ၃ လပဲ ကျန်တော့လို့.. လူသားခြင်းစာနာမူ နဲ့ လွှတ်ပေးလိုက်တဲ့.. လော့ကဘီး ဗုံးဖောက်သမားကြီး လစ်ဗျားကြီး ဆို..  ခုထိ ဘာမှ တောင် မဖြစ် လို့…. အမေရိကန်က..တောင် အင်္ဂလန်ကို ပြသာနာ ရှာနေ တဲ့ အဖြစ် မျိုး တွေ။

ကိုကြီးကျောက် လေးငါး ခြောက်လ ဆိုတဲ့ အချိန် အတွင်းမှာ.. လူကောင်း တယောက်က.. တပတ် ၂ ပတ် နဲ့.. မမျှောင်လင့်တာ တောင် ဖြစ်နိုင် တဲ့.. လူ့ ဖြစ်စဉ် တခု ရယ်ပါ။

ကိုကြီးကျောက်မှာ.. ခင်မင် ချစ်ခင် တဲ့.. မိတ်ဆွေ တွေ ရဲ့.. မေတ္တာတွေ နဲ့ နွေးထွေး လုံခြုံ နေမယ် ဆိုတာ..ယုံကြည်တယ်။ အေးဆေး မှ..ဖုန်းဆက်မယ်။

ကိုကြီးကျောက် ရင်ဖွင့်ချင်တာ..စကားပြောချင် တာ ရှိရင်..ဖုန်း ပြောလို့ လည်း ရတယ်။ ကျမလည်း ဗိုက် ၂ခါ ခွဲ ထားတာပဲ.. ကျန်းမာရေး ကတော့..ဒေါင်၂ မြည် မဟုတ်။ ဘုရားပေး သလောက်ပေါ့။း)

ကျမ တို့..ကျောက်ခဲ မောင်နှမ တွေ မို့..သူများတွေ ထက် ပိုချစ်ကြတယ် မဟုတ်လား..း)

May 2, 2011

>သေခြင်းတရား

Filed under: poems — kaythwe @ 4:24 am

>

အိုစမာဘင်လာဒင် သေတယ်
စိုင်းဘာဘာ သေတယ်
ကဒါဖီ တကောင် သေတယ်
ကိုကြီးကျောက် လည်း သေတယ်..

ဂျပန်မှာ လည်း သေတယ်
တာလေ မှာလည်း သေတယ်
နာဂစ် မှာ လည်း သေတယ်
အီဂျစ်မှာ လည်း သေတယ်


စစ်တိုက်တဲ့ သူတွေ သေတယ်
အိမ်ထဲမှာ နေတဲ့ သူတွေလည်း သေတယ်..

သာမန်လူတွေ သေတယ်
သာမန်ထက် လွန်တဲ့ လူတွေလည်း သေတယ်…

လူကောင်းတွေ သေတယ်
လူယုတ်တွေ လည်း သေတယ် 
( ဒါပေမဲ့ တော့..အချိုးအစား မမျှဘူးပေါ့)

ပြီးတော့..
ချစ်တတ်သူ တွေ သေသလို
အချစ်တွေ လည်း သေတယ်…

စမ်းချောင်းလေး တစင်း က သံဝေဂ ရတယ်
Men may come and men may go
But I go on forever.

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သံသယ ကလည်း လှ တယ်
Love comes and goes
But kindness remains. 
..
So .. 
where shall we go.
..

K
Monday 2 May 2011,  12:08 pm.


photo by K

May 1, 2011

>ကိုကြီးကျောက် ကောင်းရာသုဂတိ လားပါစေ

Filed under: friends — kaythwe @ 5:20 am

> ကိုကြီးကျောက် ဆိုတဲ့ နာမည် ကို ..ကျမ တို့ ကျောက်မောင်နှမ တွေ ကပဲ ပေးခဲ့ မိ တယ် ထင်ပါရဲ့..။

နောက်ဆုံး အချိန် ထိ.. ဘယ်သူ့ကို မှ စိတ်မညစ်စေချင်.. ဒုက္ခ မပေးချင် လို့.. ပျော်စရာ တွေ နဲ့ပဲ နှုတ်ဆက် ခဲ့ လေ သလား..ကိုကြီးကျောက်..။

အဖြူစင် ဆုံး မေတ္တာတွေ ၀ိုင်းပတ် ပြီး.. တမလွန် ကို ရောက်သွား ရ တဲ့ ကိုကြီးကျောက် ရဲ့ နောက်ဆုံး ထွက်သက် မှာ… ဒီလောက ထဲ က.. ချစ်ခင် ခဲ့ ကြတဲ့ ..မောင်နှမ တွေ အတွက်.. တခုခု ရေးဖို့ ဘာတွေ များ စဉ်းစား နေလေ အုံးမလဲ…

ကိုကြီးကျောက် ရေးခဲ့တဲ့.. ဘလော့ဂ် လေး ထဲက..စာလေး တွေ ဟာ…
ကဗျာ တပုဒ် ထက် ပိုပြီး သန့်စင် တယ်..
တရား တပုဒ် ထက် ပိုပြီး သဘာဝ ကျတယ်..
ဝတ္တု တပုဒ် ထက်  ပိုပြီး လက်တွေ့ ဆန်တယ်..

ဘယ်လို လှည့်ဖျား ကာကွယ် မူ မျိုး မှ မပါပဲ.. ရေးခဲ့ တဲ့..ကိုကြီးကျောက် ရဲ့ စာလေး တွေဟာ..ဘာပဲ ပြောပြော.. ကျမ တို့ အတွက် တော့.. လေးနက် စွာ နဲ့ တရားပြ သွား ခဲ့ ပါပြီ.. ။

ကိုကြီးကျောက် ကောင်းရာ သုဂတိ ရောက်ပါစေ…

ဖန်မျှင် အလင်း တန်း တွေ ပေါ်မှာ.. တင်ကျန်ရစ် တဲ့.. ကိုကြီးကျောက် 

 
 

Next Page »

Blog at WordPress.com.